❝ Alodawpyi ❞

891 135 7
                                    

Unicode

( i would like to recommend you to listen this song and read this )

ပုဂံကို အမြန်ဆုံး ပြန်လာနေတာမလို့
အကယ်၍ ရေစက်သာပါရင် Ethanနှင့် နောက်တစ်ကြိမ် ပြန်ဆုံချင်ပါသေးတယ်။

Ethan ကျွန်တော့်ကို စောင့်နေမယ် မလားဟင်။

🌹

SungHoonဟာ Ethanစီ ရောက်မလာခဲ့ပါ။ Ethan ထိုနေရာတွင် ညနေအထိ စောင့်ခဲ့သေးသည် သို့သော် တစ်နေကုန် အရိပ်အယောင်ပင် မတွေ့ရတာကြောင့် အနည်းငယ် စိတ်မကောင်း ဖြစ်မိသွားသည်။ SungHoonက ကတိတွေ လွယ်လွယ်နှင့် ဖျက်မယ့် ကောင်လေးမှ မဟုတ်ပဲ။

ထိုနေ့က ရွှေဂူကြီး ဘုရားတွင် သဲပန်းချီများကိုသာ
အသေးစိတ် ကြည့်ရှူခဲ့ပြီး အရိပ်ရသည့် ညောင်ပင်အောက် အရယ်အပြုံးမရှိပဲ ငိုင်နေရပြန်သည်။ ပူနွေးနေသော လေညှင်းတို့ဟာ တိုက်ခတ်နေပြီး နေမင်းကြီးက သူ့ကို နှုတ်ဆက်နေပြီ ဖြစ်သည်။ ဆိုင်ကယ်တွေ Ebikeတွေကြောင့် ဖုန်ထူထသွားသော မြေသည် ဒီနေ့မှ လွမ်းဆွေးစရာ ကောင်းနေပြန်သည်။ ဘာလို့လာမတွေ့တာလဲဆိုပြီး ဆူရမည့် ဆက်ဆံရေးတွေလည်း မဟုတ်ချေ။  SungHoonကို ဒီတိုင်း အသိ ညီလေးတစ်ယောက်ဟု သတ်မှတ်လို့ ရန်ိုင်သည်။

" Ethan "

သဲပန်းချီရောင်းသော ဦးလေးကြီးသည် သူ့ပုခုံးကို တို့၍ လှမ်းမေးတာကြောင့် သူဟာ ထိုဦးလေးကြီးကို ပြုံးပြလျက် ပြန် နှုတ်ဆက်လိုက်သည်။

" ဗျာ "

" ဘာလို့ အဲ့လောက်အထိ ငိုင်နေတာလဲ ဒီနေ့ရော ဓာတ်ပုံလိုက် မရိုက်ဖူးလား "

" ဟုတ်ပါရဲ့ ဘာလို့ ငိုင်နေမိလဲ မသိဘူး "

Ethanကို ပုဂံတွင် မသိတဲ့လူမရှိဟု ပြောလို့
ရနိုင်လောက်သည်အထိ ပုဂံမြေတွင် သူ့ခြေရာတွေ ထပ်နေသည်။ ပန်းချီဆွဲဖို့ ကုန်ကြမ်းစုဆောင်းတာလည်း ဟုတ်ပေမယ့် သူ ပုဂံကို ချစ်တာကြောင့် ဆက်နေဖြစ်တာဖြစ်သည်။

အခုထိ ဘယ်ပုံကို ဆွဲရမလဲဆိုတာ မဆုံးဖြတ်ရသေးချေ။ အခုထိ စိတ်ကျေနပ်သည့် ပုံဆိုတာမရှိ ထို့ကြောင့် ဒီမှာ အချိန်တွေလာဖြုန်းနေမိပြီလားလို့ နောင်တရနေပေမယ့် ရုတ်တရက် နွားနို့လေးလို ဖြူစင်သည့် ကောင်လေး တစ်ယောက်သည် သူ မဖိတ်ခေါ်ပဲ သူ့ ဘဝထဲဝင်လာခဲ့သည်။ ထိုကောင်လေးသည် အခုတော့ သူ့ကို လာမတွေ့တော့ချေ။ လာမတွေ့တော့လည်း သူကပဲ လိုက်ရှာရတော့မှာပေါ့။

ETHAN , IT'S YOUR BAGANWhere stories live. Discover now