Ethan , It's Our Bagan

862 115 7
                                    

Unicode

" I think that you taste like rock candy
Sweet like beaches, leave me all sandy
Why do you leave me with watercolor eyes? "

🌹

သူမ လိမ်ခဲ့တာ။ အနှစ်နှစ်အခါခါ တစ်ဖက်သတ် သဘောကျနေသော သူမ့၏ Ethanသည် သူမဖက်ကို တစ်ချက်လေးမှ မလှည့်ကြည့်ဖူးခဲ့။ သူငယ်ချင်းဟူသော စည်းတားထားတာကြောင့် Ethan ကို ပိုင်ဆိုင်ရဖို့ သူမ ဘာမဆို လုပ်ခဲ့သည်။ ဘာမဆို ကြိုးစားခဲ့သည်။ သူမ၏ ကြိုးစားမှုဖြင့် စေ့စပ်နိုင်ခဲ့သည်။ သို့သော် Ethan သည် သူမ ဘယ်လို ဖမ်းဖမ်း ဖမ်းလို့ မမိနိုင်သည့် လိပ်ပြာလေး တစ်ကောင်
နှင့် တူသည်။ စေ့စပ်ပြီးနောက်လည်း သူမကို သူငယ်ချင်းတစ်ဦးလိုသာ ဆက်ဆံပြီး အဝေးသို့ပါ ထွက်သွားခဲ့သည်။

သူမ မကျေနပ်နိုင်။ လက်ထပ်တော့မည်ဟု သူမ လူတကာကို လိုက်ပြောသည်။ Ethan တို့ ဘာတတ်နိုင်သေးလဲ။ သူမ အရှက်နှင့်သိက္ခာကို ကာကွယ်ရန် သူမ လူတကာကို Ethan ၏ အမျိုးသမီးပါဟု ကြွားဝါခဲ့သည်။

သူမမှားခဲ့ပြီ..။ Ethan ဟာ အရင်ကနှင့် မတူတော့ပဲ
ပန်းချီကားချပ်တွေကိုသာ အရူးကို ထိုင်ဆွဲနေသော ပုံရိပ်ကြောင့် သူမ အမှားကြီးမှားခဲ့ကြောင်း သိလိုက်ရပြီ။ သူမ ဘာတွေ လုပ်ခဲ့မိလိုက်သလဲ။

•••

အပြင်ထွက်သည့် အချိန်ဟာ လက်ချိုးရေလို့ ရပြီး အိမ်မှာသာ ကွန်ပျူတာ တစ်လုံးဖြင့် အသက်
ဆက်ရှင်နေသော SungHoon ကို Jay ပုဂံနှင့် ပတ်သက်သည့် ပန်းချီပြခန်းတစ်ခုကို ဆွဲခေါ်လာခဲ့သည်။ အပျင်းပြေကြည့်ရအောင်နှင့်
အတိတ်မှ ရုန်းထွက်နိုင်အောင်။

တစ်ဦးတည်းသော သူငယ်ချင်းဖြစ်တာကြောင့် SungHoon စိတ်ကို ဖောက်ထွင်း၍ မြင်နိုင်သည်။
SungHoon သည် ပုဂံမှ ပြန်လာပြီးနောက် အရယ်အပြုံးမရှိတော့သည့် အပြင် အလုပ်ပါ ထွက်ခဲ့သည်။ နေမကောင်းဖြစ်ခဲ့သည့် ရက်တွေဟာလည်း ခပ်များများ။ ခေါင်းမာလှသည့် သူငယ်ချင်းက တစ်ခွန်းမှမဟခဲ့သော်လည်း အဆင်မပြေတာ ကောင်းကောင်းသိသောကြောင့် Seattleရှိ သူ့အိမ်တွင် သူနှင့် အတူတူ နေစေခဲ့သည်။







Seattle April 1st , 2022

အဖြူရောင် နံရံတွေပေါ်တွင် ချိတ်ဆွဲပြသထားသည့်
ပန်းချီကားချပ်တွေဟာ တစ်စုံတစ်ယောက်၏ လက်ရာနှင့် တူလှသည်။

ETHAN , IT'S YOUR BAGANWhere stories live. Discover now