Ethan , It's Your Bagan

779 110 19
                                    

Unicode

" Before I love you na na na
I'm gonna leave you na na na
Before I'm someone you leave behind
I'll break your heart so you don't break mine .... "

🌹

ကိုကိုနှင့် အတူတူ ရှိခဲ့တဲ့အချ်ိန်တိုင်းမှာ နွေးထွေးမှုတွေ အပြည့်ဖြစ်ခဲ့သော်လည်း ဒီနေ့တော့ ဒါတွေ
မရှိတော့ဘူး ထင်ပါရဲ့။ အခန်းအတွင်း အပူချိန်သည် ရေခဲမှတ်အောက် အထိ ကျဆင်းသွားခဲ့ပြီ။ တစ်ယောက် မျက်ဝန်း တစ်ယောက်
ကြည့်ရင်းသာ နှုတ်ဆိတ်နေမိတော့သည်။ နေရောင်ခြည် ခပ်စူးစူးဟာ ပြတင်းပေါက် မှန်မှ တဆင့် တိုးဝင်နေသည်။ လေညှင်းလေးများကြောင့် လိုက်ကာ အဖြူလေးသည်လည်း ပင်လယ်ထဲရှိ လှိုင်းလုံးလေးများလို..။

ဟင့်အင်း ... သူမျှော်နေတာ ဒီလို မျက်ရည်ကြည်တွေ တွဲခိုနေသည့် မျက်ဝန်းတွေမှ မဟုတ်တာ။
သူ မျှော်နေတာ ကိုကို့နှုတ်ဖျားမှ ထွက်လာသည့် စကားတစ်ခွန်း..။ သူ့အပေါ် အားနာစိတ်လေး နည်းနည်းလေးပဲ ဖြစ်ဖြစ် ရှိမယ်ဆိုရင် တောင်းပန်သည့်
စကား ထွက်လာမယ်မဟုတ်လား။ ဒါမှမဟုတ် မဟုတ်ပါဘူး ဆိုသည့် ဖြေရှင်းချက်။ သို့သော် ကိုကို့ဟာ မျက်ရည်ကြည်များ တွဲခိုနေသည့် သမင်ညိုမျက်ဝန်းများနှင့်သာ သူ့ကို ကြည့်နေသည်။

" ဒီအတောအတွင်း ကျွန်တော့်အပေါ် ထားခဲ့တဲ့ မေတ္တာတွေကတော့ စိတ်ရင်းဖြစ်ခဲ့တာမလား "

မနေနိုင်တော့သည့် အဆုံး တုန်ယင်နေသော
အသံဖြင့်သာ စကားစလိုက်ရတော့သည်။

" ဟုတ်တယ်မလား..Ethan "

မျှော်လင့်ချက် ထားနေသေးတဲ့ အရူးကောင်ပါ ကိုကိုရာ။ ကျေးဇူးပြုပြီး ဖြေပေးပါ မဟုတ်ဘူးလို့ ဖြေပေးပါဦး။

" စိတ်ရင်း မဟုတ်ပဲ စိတ်ကစားခဲ့တာလား..ဟုတ်လား ဒါမှမဟုတ် ဒီတိုင်း သနားလို့ လက်ခံခဲ့တာလား ကျွန်တော် ခင်ဗျားကို စိတ်မနာချင်ဘူး ဖြေစမ်းပါဗျာ "

အသံဟာ အနည်းငယ် ဟိန်းသွားတာကြောင့် ကိုကို့ဟာ တုန်လှုပ်သွားသော မျက်နှာဖြင့် သူ့ကို ကြည့်နေပြန်သည်။ အဲ့ဒီ မျက်ဝန်းတွေကတော့ မပြောင်းလဲသွားသေး။ စတွေ့ကတည်းက မျက်ဝန်းတွေကြောင့် ဖြစ်ခဲ့သလို လက်ရှိမှာ သူ့ မျက်ဝန်းထဲ အုံ့မှိုင်းနေပြီး မိုးရွာသွန်းခံနီးဖြစ်နေတာလည်း ဒီ သမင်ညို
မျက်ဝန်းတွေကြောင့်သာ ဖြစ်ပေလိမ့်မည်။

ETHAN , IT'S YOUR BAGANDonde viven las historias. Descúbrelo ahora