Arc1.10

9.6K 815 15
                                    

ရိပေါ်လည်း ကိုကိုနဲ့ စကားများပီး အိမ်ကနေထွက်လာခဲ့တယ် သူကိုကို့ကို စိတ်မဆိုးပါဘူး စိတ်မကောင်းဖစ်တာ ကိုကိုကသူ့အချစ်ကို မယုံကြည်တာ ကိုကိုစိတ်ဆိုးတုန်းဘဲဆိုတာသိပေမယ့် ခနလောက်လွှတ်ထားလိုက်အူးမယ် ရဲစခန်းအရင်သွားပြီး ပြန်မှကိုကို့ကို ချော့ရမယ်
''ကော အခြေအနေဘလိုလဲ''
''သူမ ထွက်ပြေးသွားတယ် ရှာတော့ ရှာနေပါတယ် မကြာခင်တွေ့မှာပါ စိတ်မပူနဲ့ ဝမ်လေး''

''အင်းပါ အဲဒါလာကြည့်တာ ဒါဆိုကျနော်သွားပီနော် ကော''
''အေး အေး ကောင်းကောင်းပြန်''

ရှောင်ကျန့် သူပြောတာလွန်သွားမှန်းသိလို့ ရိပေါ်ကို လိုက်ရှာတော့ မရှိဘူး အိမ်မှာ အပြင်ထွက်သွားတယ်တဲ့ ရှောင်ကျန့် ရိပေါ်ကို phဆက်ပေမယ့် မကိုင်တာကြောင့် သူ့ကိုစိတ်ကုန်သွားပီလားဆိုပီး လိုက်ရှာဖို့ ဆုံးဖြတ်ခဲ့တယ် သူtaxi ငှါးပြီးနေရာအနှံ့ရှာတာလည်း မတွေ့ဘူး ချူရှုင်းဆီဆက်တော့လည်း ပြန်သွားပီတဲ့ ကိုကို့ကို စိတ်ကုန်လို့များ ပြန်မလာတော့တာလား ရိပေါ် ရယ် နောက်ဆုံး သူလည်း ရိပေါ်ရှိလောက်မယ်ထင်တဲ့ ကျောင်းဘက်ကို ထွက်လာခဲ့တယ်
''ရပီ ဦးလေး ဒီမှာဘဲချခဲ့လိုက်တော့ ကျတော်လဘာသာဘဲ သွားလိုက်မယ်''
''အေးအေး လူလေး''

ရှောင်ကျန့် ကျောင်းအနှံ့ ရှာပေမယ့် ရိပေါ် ကိုဘလိုမှမတွေ့တာနဲ့ သူလည်း ကျောင်းအပြင်ကိုထွက်လာခဲ့တယ် ဘယ်သွားရမှန်းမသိဖစ်နေတုန်း သူ့ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက် ဝင်လာတဲ့ ကားတစ်စီး သူရှောင်ဖို့ မေ့နေချိန်မှာဘဲ သူ့ကိုတွန်းပီး သူ့အစားဝင်ခံလိုက်တဲ့သူ
''ရိပေါ်.....''

ရိပေါ်အိမ်ပြန်ရောက်တော့ ကိုကို့ကိုမတွေ့ သူ့ကိုတောင်းပန်မယ်ဆိုပြီးထွက်သွားပြီတဲ့ တမြို့လုံးရှာတာလည်းနှံ့ရော မတွေ့ဘူး ကျစ် ဘယ်တွေသွားနေတာလည်းကိုကိုရာ နောက်ဆုံးမှ သူသတိရတာက ကျောင်း ကိုကို ကျောင်းဘက်ကိုသေချာသွားမှာဘဲလို့ တွေးပြီး ကျောင်းရှေ့ရောက်တော့ ကျောင်းထဲကထွက်လာတဲ့ ကိုကို
'ကျစ် နေမကောင်းဘဲနဲ့ ကိုကိုရာ '
သူတွေးနေရင်းနဲ့ ကိုကို့ဆီကို ဝင်လာတဲ့ ကားတစ်စီး သူဘာမှတွေးမနေဘဲနဲ့ ကိုကို့ကိုတွန်းပီး သူဝင်ခံလိုက်တယ် နောက်ဆုံး ကိုကိုရဲ့ခေါ်သံကြားပြီး လောကကြီးနဲ့ အဆက်ပြတ်သွားတော့တယ်
''ရိပေါ် ထပါအုံး ရိပေါ် အဲ့လိုမဖစ်ရဘူးလေ ကိုကို ရိပေါ်ကိုတောင်းပန်ပါတယ် ဟင့် အဲ့လိုမလုက်ပါနဲ့ အင့် ကိုကို ရိပေါ်ကို ချစ်တယ်လို့ မပြောရသေးဘူးလေ အဟင့် ထပါအူံး ရိပေါ် ကယ်ကြပါဦး လူနာတင်ကားခေါ်ပေးပါ''

System 831(completed)Where stories live. Discover now