Arc5.8

5.6K 567 16
                                    

ကယ်ဗင်တို့ ဆက်သွားမယ်ပြင်နေတုန်း သူ့ကိုလှမ်းခေါ်တဲ့ ဇာတ်လိုက်ကောင်
''ညီလေး အကို့ကို ကယ်ပါအုံး အကို့ကိုပါခေါ်သွားပါ''
''ဟက် ခင်များကို ကယ်ရမယ်ဟုတ်လား အရှက်မရှိလိုက်တာ ကျုပ်ချစ်သူကို သတ်ဖို့လုပ်ခဲ့တာ ဘယ်ကောင်လဲ ကျုပ်ချစ်သူ အခုလိုဖစ်တာ ခင်များကြောင့်ဘဲ ပီးတော့ ခင်များဘဲ ကတ်သရင်းကို လိုချင်လှပါပီဆို အခု သူခင်များဆီကို လာနေပီဘဲ လက်ခံလိုက်တော့ပေါ့ အဟက်''

''မင်း မင်း အေး သေရင်တောင် ငါတစ်ယောက်တည်းမသေဘူး မင်းကိုပါခေါ်သွားမှာ သေစမ်း ''
စတီဗင်ကပြောရင်းနဲ့ သူ့ဆီကိုပြေးလာတော့ သူ့ရှေ့ကနေ ပိတ်ရပ်လာတဲ့ ကိုကိုကြောင့် စတီဗင် ကြောင်နေတုန်း စတီဗင်ကို ကိုက်ချလိုက်တဲ့ ကတ်သရင်း
''ပီးပီ မကောင်းတဲ့သူအချင်းချင်း တွေ့ကြတာပေါ့ ငါလုပ်စရာတောင်မလိုတော့ဘူး''

''သွားစို့ ကိုကို ထားခဲ့လိုက်တော့''သူလည်း ပြောရင်း ကိုကို့ကို ခေါ်ကာ အပေါ်ကိုတက်လာခဲ့လိုက်တယ် တချို့လူတွေက အသက်ရှင်ပေမဲ့ တော်တော်များများကတော့ သေကုန်ကြတာကို တွေ့ရတယ် ခက်တာက ပညာရှင် သူဘယ်မှာများလဲ ကယ်ဗင်တွေးနေတုန်း
'host အဆင်ပြေပါရဲ့လား bunnyတောင်းပန်ပါတယ်'
'ရတယ် bunny ငါ့ကို သိပ္ပံပညာရှင်ကို ရှာပေး သူဘယ်မှာလဲဆိုတာ'

'ok host 'ကယ်ဗင်လည်း bunny သွားရှာတာကို စောင့်ရင်း တစ်နေရာကို ထိုင်နေလိုက်တယ် ကိုကို့ကိုကြည့်တော့ ကိုကိုကသူ့ကိုကြည့်နေတာကို တွေ့ရတယ်
''ဘာလို့လဲ ကိုကို နေလို့အဆင်မပြေဘူးလား ခနဘဲစောင့်နော် ဖြေဆေးရတော့မှာပါ''

ကိုကိုက နားလည်ကြောင်း ခေါင်းညိတ်ပြတယ် မကြာဘူး bunnyပြန်ရောက်လာတယ်
'host သူက တိုက်ရဲ့ အပေါ်ဆုံးထပ်က ရေချိုးခန်းထဲမှာ ပုန်းနေတာပါ '
'ok bunny'
''သွားစို့ ကိုကို ကျနော် နေရာသိပီ''

သူလည်း တိုက်ကြီးရဲ့ အပေါ်ဆုံးထပ်ကို တက်လာပီး ရေချိုးခန်းထဲကို ဝင်လာခဲ့လိုက်တော့ သူတွေ့လို်က်ရတဲ့ လူတစ်ဦး
''ဒီမှာ ခင်များက သိပ္ပံပညာရှင်မလား ခင်များဖြေဆေးဖော်မှဖစ်မယ် အပြင်မှာလူတွေသိပ်မကျန်တော့ဘုး''
''ငါ ငါ အပြင်မထွက်ရဲဘူး ''

System 831(completed)Where stories live. Discover now