Arc7.4

5.7K 557 37
                                    

ရှိုင်း မနက်ရောက်တော့ အခန်းထဲသူထိုင်နေကြနေရာကြည့်လိုက်တော့ သူ့နေရာကို ဇာတ်လိုက်မက ထိုင်နေပီး  ဇာတ်လိုက်နဲ့ ဇာတ်လိုက်မကြားကခုံဘဲ လွတ်တော့တယ် သူလည်း ဇာတ်လိုက်မဆီကို သွားပီး
''ဟိုလေ အဲ့တာငါ့နေရာမဟုတ်ဘူးလားဟင်''
''အင်း ငါထိုင်ချင်လို့လေ နင်ကတော့ ငါ့နေရာထိုင်လို့ရတယ် ''
''အာ ဒါပေမဲ့ ''

ရှိုင်းလည်း ဆရာမဝင်လာတာကြောင့် ဆက်မပြောဘဲ ကြားထဲကခုံတွင် ဝင်ထိုက်လိုက်တော့တယ် ဆရာမလည်း ထွက်သွားရော ဇာတ်လိုက်မက
''hi ငါ့နာမည်က ချစ်စုရတီဇော် ငါ့ကိုချစ်စုလို့ခေါ်လို့ရတယ် နင့်နာမည်က ရှိုင်းဆက်ပိုင်မလား ရှိုင်းလို့ခေါ်မယ်နော်''
''အမ် အင်း အငိးပါ သဘော''
''ဒါနဲ့ နင်မင်းခန့်ကို ကြိုက်နေတယ်ဆိုတာ တကယ်လား''
''ဟို အဲ့ဒါက ''

ရှိုင်းဘလိုပြောရမလဲ အကြပ်ရိုက်နေတယ် တော်ကြာ ကြိုက်တယ်ပြောမှ သူ့သတို့သားလောင်းကို ကြိုက်ရမလားဆိုပီး ပါးထပ်ရိုက်ခံနေမှ
''ဟိတ် ငါမေးနေတာဖြေလေ ''
''အွန်း ငါ့ကိုပါးရိုက်မှာတော့ မဟုတ်ပါဘူးနော်''
''ဟယ် ရိုက်စရာလား ဒီလောက်ukeနုနုဖတ်ဖတ်လေးကို ဟီး''
''ဘာလဲ ukeက''
''နင်မသိပါဘူး ထားလိုက် ဒါနဲ့နင်တို့နှစ်ယောက်က တွဲနေပီလား''
''မ မတွဲပါဘူး သူကငါ့ကို စဉ်းစားနေတာတဲ့''
''အမယ် အဲ့ကောင်ကဘာမို့ ငါ့သားလေးကို မူနေရတာလဲ တွေ့မယ် ''

''ချစ်စု ငါကဘာလို့နင့်သားလဲ''
''အဲ့ဒါက ငါကfujoshiလေ fujoshiကယောကျာ်းနှစ်ယောက်ချစ်ခြင်း ကိုအောင်သွယ်ပေးတဲ့လူကိုခေါ်တာ နောက်ပီး ငါကukeနုနဖတ်ဖတ်လေးတွေ ဥပမာ နင့်လိုလူမျိုးတွေဆို သားအဖစ်ထားပီး ယောကျာ်းရှာပေးနေကျ ဟီးဟီး ''
''ယောကျာ်း ရှာပေးတယ် ဟူလား ချစ်စုမ''
''အွန်း မင်းခန့်ကိုရှာပေးနေတာ ကြာပီ ခုမှတွေ့တော့တယ်''

''သူက နင်နဲ့စေ့စပ်ထားတာမလား''
''ဟာ ငါမှမကြိုက်တာ ဒီတိုင်းမိဘတွေသဘောတူလို့ လက်ခံထားရုံဘဲ ငါကသူ့ကိုယောကျာ်းပေးစားချင်နေတာ ''
''အွန်းပါ''
''အား အဲ့လောက်ချစ်စရာကောင်းအောင် မပြုံးနဲ့ဟာ မဟူတ်ရင် ဘသူ့မှမပေးဘဲ ငါဘဲယူထားလိုက်တော့မှာ''
''ယူထားလိုက်ပေါ့ ဟီး''

System 831(completed)Where stories live. Discover now