Arc7.3

5.8K 574 48
                                    

ဟိန်း ရန်ပွဲအစအဆုံးကို ကြည့်နေရင်းနဲ့ ဟိုကောင်လေးပါးရို်က်လည်း ခံရရော ဘာလို့မှန်းမသိ စိတ်တွေတိုလာတာကြောင့် ဝင်ပါဖို့ ဆုံးဖြတ်ပီး ကောင်လေးဘက်ကနေပြောပေးပီး ကောင်လေးကို ဆွဲခေါ်လာခဲ့တယ်
''ဘာလို့ သူနဲ့ရန်ဖက်ဖစ်နေတာလဲ ''
''သူကအရင်စတာလေ ငါကစတာမှမဟုတ်ဘဲ''
''တခုခုဆိုရင် မင်းဘဲကျောင်းထွက်ရမှာ''
''ထွက်ရလည်း  ဘာဖစ်လဲ ဂရုမစိုက်ပါဘူး''

ဆူပုတ်ပုတ်လေး ပြောလာတဲ့ ကောင်လေးကိုကြည့်ပီး သူ့မှာအသည်းတွေတယားယား
''မင်းခန့် ဘယ်တွေရောက်နေတာလဲ ငါလိုက်ရှာနေတာကို''
''အင်း ချစ်စု ဒီနားလေးတင်ပါ နေမကောင်းဘူးဆို ဘာလို့လာတာလဲ''
''ငါသတင်းတခုတွေ့လိုက်လို့ နင့်ကိုကောင်လေးတစ်ယောက်က အယ်အယ်အဲဒါသူမလား ချစ်စရာလေးဟ နင်နဲ့တောင်မလိုက်ဘူး''
''တော်သင့်ပီ ချစ်စုမ သွားကိုယ့်အိမ်ကိုပြန် အတန်းလည်းမရှိတော့ဘဲနဲ့ သွားတော့''
''နောက်ရက်ကျ မိတ်ဆက်ပေးနော်  ကောင်မကြားလား''
''ကယ် သွားပါ မသာမရဲ့''

သူတို့စကားပြောနေတုန်း ရောက်လာတဲ့ ဇာတ်လိုက်မကြောင့် သူလည်းလှည့်ထွက်လာခဲ့တယ် သူတို့နှစ်ယောက်ရင်းရင်းနှီးနှီး စကားပြောနေကြတာ မြင်ရတာ ရင်ထဲမကောင်းဘူး ဟိန်းကသာ ငါ့ချစ်သူဆိုရင် ငါဒီလိုခံစားနေရတာ မထူးဆန်းပေမယ့် ဟိန်းကငါ့ချစ်သူမဟူတ်ဘူးဆိုရင် ငါ့ချစ်သူ ကိုသစ္စာဖောက်ရာ ရောက်နေမှာဘဲ ဟင်း
''ဟိတ် အဲ့တာဘယ်သွားတာလဲ''
''အင် ငါ့ကိုပြောတာလား''
''မင်းဘဲရှိတာ မင်းမပြောလို့ ဘသူပြောရမှာလဲ''
''အော် မင်းတို့သမီးရည်းစားနှစ်ယောက်တည်း ရှိနေချင်မယ်ထင်လို့ ''
''ဘသူပြောလဲ သမီးရည်းစားလို့''

''ဟို မင်းတို့နှစ်ယောက် စေ့စပ်ထားတာလေ မဟုတ်ဘူးလား''
''အင်းလေ စေ့စပ်တာနဲ့ဘဲ သမီးရည်းစားဖစ်ရောလား''
''မသိဘူးလေ ''
''မသိရင် ကိုယ်ပြောပြမယ် ကိုယ်တို့က ငယ်ငယ်လေးကတည်းက နှစ်အိမ့်တစ်အိမ်နေလာကြတာ ဒါကြောင့် မိဘတွေက စိတ်ချရအောင်လို့ စေ့စပ်ထားတဲ့ သဘော ဒါပေမယ့် ကိုယ်တို့က ရည်းစားကိုယ်ဆီရှိလာရင် စေ့စပ်ပွဲကို ဖျက်သိမ်းမှာလို့ သဘောတူထားကြာတာ''

System 831(completed)Where stories live. Discover now