Arc10.8

5.5K 522 21
                                    

ဟန်ရှင်း သူ့လူယုံphဆက်လာတဲ့ သတင်းကြောင့် အမြန်ပြန်လာချင်ပေမယ့် အလုပ်ကမပြီးသေးတာကြောင့် ငြိမ်နေရတယ် အလုပ်ပီးတာနဲ့ သူလည်း ကားကိုဒုန်းမောင်းပီး ပြန်လာခဲ့တယ် သူ့လူယုံပြောတာက ဂျူလီယာ ကသူ့ကလေးကို ပါးရိုက်တယ်ဆိုဘဲ
'ဂျူလီယာ မင်းဟာမင်း ငါ့သူငယ်ချင်းမကလို့ ဘာကြီးနေနေ ကလေးကိုထိလာမယ်ဆိုရင်တော့ ငါခွင့်လွှတ်မှာမဟုတ်ဘူး'
(လိုချင်သွားပီမလား အဲ့လိုဘဲရီး😅)

ရှောင်ရန် လူကြီးရဲ့လူယုံထွက်သွားတာ သေချာပီဆိုမှ
''နင်နင် ဘာတွေအိုက်တင်လုပ်နေတာလဲ''
''ဟက် ဘာမှမလုပ်ပါဘူး ခင်များအတွက် ကျွင်းလေးတူးပေးရုံတင်ပါ ဘာတွင်းလဲသိလား သေတွင်းလေဟားဟား''
''ရုပ်ကလေးနဲ့မှမလိုက် ယုတ်မာလိုက်တာ နင့်အကြောင်းတွေကို ဟန်သိအောင်ငါပြောပြမယ်''
''ပြောလေ လူကြီးက ကျနော့်ကိုယုံမလား ခင်များကို ယုံမလား စောင့်ကြည့်နေလိုက်''

''ဒါဘာတွေဖစ်နေတာလဲ ဂျူလီယာ  ကလေး''
''ဘာမှမဖစ်ဘူး လူကြီး ပြန်လာတာစောသားဘဲ ''
''မဟုတ်ဘူး တခုခုဖစ်နေတာ သေချာတယ်''
''တို့ပြောပြမယ် ဟန် အဲ့ကောင်လေးက အကျင့်မကောင်းဘူး ဟန်အဲ့ကောင်ကိုရွေးရင် တစ်ဘဝလုံး စိတ်ဆင်းရဲရမှာသေချာတယ်''
''တော်တော့ လီယာ ငါဘာမှမပြောချင်လို့ ကြည့်နေတာ မင်းကိုသူငယ်ချင်းလို သဘောထားလို့် မပြောတော့ဘူးလုပ်နေတာကို ငါ့လူယုံက phဆက်တယ် မင်းကလေးကို ပါးရိုက်တယ်ဆို ဟုတ်လား ပြစမ်းကလေး ကိုယ့်ကို''

''ဘာမှမဖစ်ပါဘူး လူကြီးရဲ့ မနာပါဘူး မမရိုက်တာ ပါးပါးလေးပါ''
''မင်း လီယာ မင်းကွာ ငါတောင် လက်ဖျားလေးနဲ့ မထိရဲတဲ့ ကလေးကိုမင်းမို့ ပါးရိုက်ရဲတယ် ဟုတ်လား ထွက်သွား ငါ့အိမ်ကနေ ထွက်သွား မင်းမိဘတွေရော ပြောလိုက် စေ့စပ်စရာမလိုတော့ဘူးလို''
''ဟင့်အင်း မရဘူး  ဟန် နင်အဲ့မိဘမဲ့ကောင်အတွက် ငါ့ကိုအခုလိုလုပ်လို့မရဘူးနော်''

''ထွက်သွားလို့ ငါပြောနေတယ်မလား မင်းမျက်နှာမမြင်ချင်တော့ဘူး''
''ဘာတွေဖစ်နေတာလဲ သား မာမီတို့ကြားထားတာတကယ်ဘဲလား သားမိဘမဲ့ကောင်လေးတစ်ယောက်ကို အိမ်ပေါ်ခေါ်တင်ထားတယ်ဆိုတာ ''
''အမှန်ဘဲ မာမီ သူကသားခင်ပွန်းဘဲ သူကလွဲလို့ သားဘသူမှ မယူနိုင်ဘူး သားကိုတားမယ်ဆိုရင် မာမီတို့လည်း ပြန်တော့''

System 831(completed)Where stories live. Discover now