Arc4.7

6.7K 639 7
                                    

ချန်ဖင် လည်း အသည်းအသန်ရှာနေရင်း သူစဉ်းစားမိတာတခုက နန်းတော်ထဲ မနေတာကြာပြီဖစ်တဲ့ အိမ်ဟောင်းကြီး ဟုတ်တယ် အဲ့ကို သွားရမယ်ဆိုပီး ထွက်သွားလို်က်တာ ရောက်ရောက်ချင်း မြင်လိုက်ရတဲ့ မြင်ကွင်းက ရင်ကို မီးစနဲ့ထိုးလိုက်သလိုဘဲ လူယုတ်မာတွေလက်ထဲမှာ ရုန်းကန်နေရတဲ့ အရုပ်လေး
''ခွေးသားတွေ ဖယ်ကြစမ်း ဖမ်းလိုက်သူတို့ကို ''
''အိမ် အိမ်ရှေ့စံ ချမ်းသာပေးပါ''
''ထွက်သွားကြ အကုန်လုံး''

''မောင် မောင်တော် ရောက်လာပီလား စောင့်နေရတာ အင့် ကြာနေပီ''
''ကိုယ်တောင်းပန်ပါတယ် ကိုယ်နောက်ကျသွားတယ်''
''ရှင်းကို သူတို့ ဆေးတိုက်ထားကြတယ် ပူ ပူလာပီ မောင်တော် လုပ်ပါအုံး''

''ရှင်းလေး ကိုယ် ကိုယ် ရှင်းလေးကို တာဝန်ယူမှာပါ ကိုယ်လုပ်ပေးမယ်နော် ''
အိမ်ဟောင်းလေးထဲမှာ ငြီးသံလေးတွေ ပလုံစီပြီး စွန့်ပစ်ခံရဲ့ အဝတ်လေးတွေကလည်း အောက်ကိုပုံလို့ပေါ့
(မှောင်မယ်ထင်နေသလား မိုးချုပ်နေပီလေ😅😅)

''တောက်ခ် အဲ့ကောင်ကလွှတ်သွားပီး ငါ့လူတွေက အဖမ်းခံလိုက်ရတယ် ဟုတ်လား အသုံးမကျလိုက်တာ သေသင့်တဲ့လူတွေ''
''မေလင်း နင်ဘာတွေလုပ်နေပြန်ပြီလဲ''
''ဘာလုပ်လုပ် မေလင်းကိစ္စ အမနဲ့မဆိုင်ဘူး''

''နင် အေးအေးဆေးဆေး နေလို့မရဘူးလား ပြသာနာမရှာပါနဲ့တော့ ''
''မရဘူး ဒင်းကိုရှင်းပြစ်မှ ငါအိမ်ရှေ့စံကိုရမှာ''
''ငါ့အမှား ငါသာအတ္တကြီးပြီး နင့်ကို ကြင်ယာတော်မဖစ်စေချင်ခဲ့ရင် အခုလိုတွေဖစ်လာမှာမဟုတ်ဘူး အခုတော့ နင်က မလုပ်သင့်တာတွေပါ လုပ်ကုန်ပြီ တခုခုဖစ်ရင် ငါမကယ်နိုင်ဘူးနော် မေလင်း အခုလိုလုပ်တာ နောက်ဆုံးဖစ်ပါစေ''

တကယ်တော့ သူ့ညီမ အခုလိုတွေဖစ်တာ သူ့ကြောင့်လည်းပါတယ် သူသာလောဘမကြီးခဲ့ရင် သူ့ညီမသာသူ့ကိုအတုယူမမှားခဲ့ရင် အခုလိုတွေဖစ်လာမှာမဟုတ်ဘူး မေယုနောင်တရသွားတာက အရှင်ကအားလုံးကိုသိနေပြီး သူ့ကိုခွင့်လွှတ်ပေးတာကြောင့်ဘဲ ဒါမဲ့ လူသတ်လောက်အောင်ထိ လုပ်လာရင်တော့ ခွင့်လွှတ်မှာမဟုတ်ဘူးလို့ ပြောထားပြီးသား မေလင်းကိုသာ မထိန်းနိုင်ခဲ့ရင် သူရော သူ့ညီမပါ သေမှာ ငါဘလိုလုပ်ရမလဲ

System 831(completed)Where stories live. Discover now