Arc7.7

5.4K 537 4
                                    

ရှိုင်းတို့ စေ့စပ်ပွဲပီးမှ ကျောင်းကိုတက်ဖစ်တယ် သူတို့အကြောင်းကို တစ်ကျောင်းလုံးကသိနေကြပီး တချို့ကတော့ လက်ခံကြသလို တချို့ကတော့ မကျေနပ်ကြဘူး အဲ့တာတွေ စိတ်မဝင်စားပါဘူး ဘသူနေနေ သူ့ကောင်လေးကို လိုချင်နေကြတာဆိုတော့ မနာလိုကြတာ မထူးဆန်းပါဘူး
''ဟဲ့ ဘာတွေတွေးနေတာလဲ''
''သြော် ချစ်စုမ ဘာမှမတွေးပါဘူးဟာ ငါ့သူငယ်ချင်းကို ယောကျာ်းရှာပေးရကောင်းမလားလို့ နားညီးလို့လေ''
''နင်နော် ငရှိုင်းပြေးစမ်း ငါ့ကိုများ နားညီးသလေး ဘာလေးနဲ့''

ရှိုင်းပြေးရင်းနဲ့ ဝင်တိုက်မိသော ရင်ခွင်ကျယ်ကြီး တစ်ခု ဟက် သူသိတာပေါ့ ဒါသူ့ချစ်ချစ် ရင်ခွင်ကြီးမှန်း
''ဘာလို့ပြေးလွှားနေကြတာလဲ ကလေးလည်းမဟုတ်ဘဲနဲ့''
''နင့်အကောင်လေ မင်းခန့် ငါ့ကိုများနားညီးလို့ ယောကျာ်းပေးစားမယ်တဲ့ ဟွန့်''
''ပေးစားတော့ ယူလိုက်ပေါ့ဟနင်ကလည်း''
''နင် နင်လည်း အလိုတူအလိုပါဘဲ ဟိန်း''

သူတို့သုံးယောက် ပြုံးပျော်နေတာကို ကြည့်ပီး ဒေါသထွက်နေတဲ့ သူတစ်ယောက်တော့
''ဘာလို့နင်လဲ နင်ကျတော့ သူတို့်နဲ့ပျော်နေရပီး ငါကျတော့ရော မကျေနပ်ဘူး နင့်ကို အဝေးကိုကန်ထုတ်ပစ်မယ် နင့်နေရာမှာ ငါဘဲဖစ်ရမှာ''

ရှိုင်း သန့်စင်ခန်းသွားချင်လို့ ထွက်လာတော့ သူု့ကို လမ်းပိတ်ထားတဲ့ ကောင်မလေးတစ်ယောက်
'ဘာလဲဟ ငါနဲ့သိလို့လား'
''ဒီမှာ မိန်းကလေး လမ်းဖယ်ပေးလို့ရမလား''
''မဖယ်ပေးနိုင်ဘူး ငါနင်နဲ့ရှင်းစရာရှိလို့''
''ဘာလဲ ရှင်းစရာက ငါကတော့ မင်းနဲ့ရှင်းစရာမရှိဘူး ''
''မရှိဘဲလား နင်ငါ့ရဲ့နေရွာကို လုယူသွားတာလေ အမှန်ဆို မင်းခန့်ကငါ့ချစ်သူဖစ်နေပီး ချစ်စု ကငါ့သူငယ်ချင်းဖစ်နေရမှာ အခုတော့ နင့်ကြောင့် သူတို့ကငါ့ကို သိတောင်မသိဘူး နင်ကျသူတို့နဲ့ ခင်ပီး ငါကျတော့ရော မတရားဘူး ငါ့နေရာငါပြန်ယူမယ်''

''ဒီမှာ မိန်းကလေး မင်းရူးနေတာလား ဘသူက မင်းနေရာကိုယူနေလို့လဲ လူတိုင်းမှာ ကိုယ့်ဟာနဲ့ကိုယ်ရှိပီးသားဘဲ သူတို့ကမင်းနဲ့ မခင်တိုင်း မင်းကသူတို့နဲ့ခင်တဲ့သူတွေကို လိုက်ပီးမကျေနပ်နေတော့မှာလား အဲ့ဒါဆို မှားသွားမှာပေါ့ သူတို့ကမင်းကိုမခင်လည်းမချစ်လည်း မင်းကိုခင်တဲ့ချစ်တဲ့သူတွေ ရှိနေတာဘဲလေ အဲ့လူတွေနဲ့ဘဲ မင်းဘဝကို ကုန်ဆုံးသင့်တယ် အချိန်ကုန်လူပင်ပန်းမယ့် အလုပ်တွေ လုပ်မနေသင့်ဘူး''

System 831(completed)Where stories live. Discover now