Arc10.2

5.4K 526 6
                                    

ရှောင်ရန် လူကြီးအိမ်ကို ထွက်လာခဲ့တယ် သူလူကြီးအိမ်ရောက်လို့ ကြည့်လိုက်တော့
'ဝါး တော်တော်ခမ်းနာတာဘဲ နန်းတော်ကြီးကျနေရော လူကြီးကဒီလောက်ချမ်းသာမယ်မှန်းမသိခဲ့ဘူး မိုက်ချက်ကွာ'

ဟန်ရှင်း သူ့အိမ်ရောက်လို့ ဝင်တော့မယ်အလုပ် အပေါက်ဝမှာတင် ငေးပြီးကျန်ခဲ့တဲ့ ချာတိတ်ကိုကြည့်ပီး
'ကြည့်ရတာ ငါ့အိမ်ကို ချုာတိတ်က တော်တော်သဘောကျနေပုံဘဲ တော်သေးတာပေါ့ မဟုတ်ရင် ဒီအိမ်ကြီးကို ဖျက်ပစ်တော့မလို့'

(bunnyကတော့ အငေးလွန်နေတဲ့ hostရယ် စိတ်တိုင်းမကျရင် အိမ်ဖျက်မယ်ဆိုတဲ့ ဇာတ်လိုက် ရယ် ကြားထဲကနေ ဖျက်ခံရမှာလိုလို ဒီတိုင်းထားရမလိုလိုဖစ်နေတဲ့ နန်းတော်ကြီးကိုသာ ငေးကြည့်နေမိတော့တယ်)

'အဟမ်း host သရေလေးဘာလေးလည်း သုတ်ပါအုံး'
'ဟီး bunny မင်းကြည့်စမ်း ငါ့လူကြီးအိမ် ဘလောက်သားနားလဲဆိုတာ ငါထင်တယ် ရှိသမျှ ဇာတ်လိုက်တွေထဲမှာတော့ ဒီဇာတ်လိုက်က အချမ်းသာဆုံးဘဲ'
'ဟုတ်တယ် hostလင်ကြီးက သူ့ဘာသူလုပ်တဲ့ စီးပွားရေးရယ် သူ့အဖေပိုင်တဲ့ hotelလုပ်ငန်းတွေရယ် သူ့အမေပိုင်တဲ့ လက်ဝတ်ရတနာ ခရီးသွားလုပ်ငန်းတွေရယ် အကုန်ပေါင်းလိုက်ရင် သူတို့ဝမ်အိမ်တော်ကို ဘသူမှမယှဉ်နိုင်တာအမှန်ဘဲ'
'အေးကွ မိုက်ချက်ကွာ'

''လာလေ ချာတိတ် ဘာရပ်ကြည့်နေတာလဲ''
''ဟီး ဒီတိုင်းဘဲ လူကြီးအိမ်ကို သဘောကျလို့ ကျနော့်အနေနဲ့သာဆို တစ်သက်လုံးသေတောင် ဒီလိုအိမ်မျိုးမှာ နေနိုင်မှာမဟုတ်ဘူး''
''ဟုတ်ပါပီ အခုကစပီး ဒီအိမ်မှာ ချာတိတ်ကြိက်သလိုနေလို့ရတယ် ချာတိတ်အပိုင်ဘဲ ဟုတ်ပီလား လာ ဝင်ရအောင်''
''ဟုတ် လူကြီး''

''အပေါ်ထပ်က အခန်းကို လိုက်ပြလိုက်''
''ချာတိတ် လိုက်သွား ရေချိုး အဝတ်စားလဲပီးရင် အောက်ပြန်ဆင်းခဲ့ ကိုယ်အလုပ်သမားတွေနဲ့ မိတ်ဆက်ပေးမယ်''
''အွန်း လူကြီး''

ရှောင်ရန် အခန်းထဲရောက်တော့ ဝါးမိုက်တယ်ကွာ အခန်းကြီးကလည်း အကျယ်ကြီးဘဲ သူလည်း ရေမိုးချိုး အဝတ်စားလဲပီးတာနဲ့ အောက်ကိုဆင်းလာတော့ သူ့ကိုစောင့်နေတဲ့ ကောင်မလေးတစ်ယောက်
''သခင်ကြီးက ထမင်းစားပွဲမှာစောင့်နေပါတယ် သခင်လေး''
''အာ ဟုတ်ကဲ့''

System 831(completed)Where stories live. Discover now