Part-2.1

173 29 2
                                    

                     အတွင်းပိုင်း ထောက်လှမ်းနိုင်မှုကြောင့်ပဲ ကင်းစောင့်တွေရဲ့ ကယ်ဆယ်ရေးလုပ်ဆောင်ချက်တွေက အဆင်ပြေပြေပီးဆုံးသွားပြီးတော့ အကြမ်းဖက်သမားတေကပြန်မခုခံနိုင်ခင်မှာပဲ အခြေအနေတေကိုတည်ငြိမ်သွားအောင် ထိန်းချုပ်နိုင်သွားတယ်။ မူလဇာတ်ကြောင်းမှာဆို ကင်းစောင့်တေက အကြမ်းဖက်သမားတေကို အောင်အောင်မြင်မြင် နှိမ်နှင်းနိုင်ခဲ့ပေမဲ့လည်း ဒီအဖြစ်အပျက်မှာပဲ သူတို့တေဟာလည်း ဒါဇင်နက်ချီပြီး သေဆုံးလိုက်ရတယ်။ ဒီတခါတော့ ကင်းစောင့်တေကအသေအပျောက်မရှိဘဲနက် missionကို အောင်မြင်အောင်လုပ်ဆောင်နိုင်လိုက်ကြတယ်။

                   ယွန်းနစ်က ပလက်ဖောင်းအမြင့်တနေရာမှာရပ်နေပြီးတော့ အောက်ကရုတ်ရုတ်သဲသဲ ဆူဆူညံညံသံတေကြားကနေ သူ့ကိုသတင်းအချက်အလက်တေ ပေးပို့ပေးခဲ့တဲ့ လမ်းပြလေးကို တွေ့ဖို့အာရုံစိုက်ပြီးရှာလိုက်တယ်။ ဒါပေမဲ့လည်း ဘေးပတ်ပတ်လည်က ဆူညံသံတေနက် မနှစ်မြို့ဖွယ် အနံ့အသက်တေက ကင်းစောင့်တယောက် အတွက်တော့ သည်းမခံနိုင်စရာ နှိပ်စက်မှုတခုလိုပဲ။ ဒီအခြေအနေမျိုးတေမှာသာ လမ်းပြတယောက်က သူ့စိတ်၀ိဉာဏ်လမ်းပြကိုသာ ရည်ရှယ်ချက်ရှိရှိ ဖုန်းကွယ်လိုက်မယ်ဆို ကင်းစောင့်တယောက်အတွက်တော့ ရှာတွေ့ဖို့ဆိုတာ အတော်လေးခက်ခဲတဲ့အခြေအ​မေဖြစ်သွားနိုင်တယ်။

                     " Sir  missionကပြီးသွားပါပြီ အဖွဲ့ကတပ်ပြန်ဆုတ်ရတော့မလား"

ကင်းစောင့်တယောက်က ရှေ့တက်လာပြီးတော့ နောက်ညွှန်ကြားချက်တခုအတွက် မေးလာခဲ့တယ်။ စကားများနေတဲ့လူအုပ်ကြီးရဲ့ ဆူညံသံတေက သူတို့လိုကင်းစောင့်တေ အတွက် မသက်မသာဖြစ်စေပြီးတော့ စိတ်အနှောက်အယှက်ပေးတယ်။

           ယွန်းနစ် ပတ်၀န်းကျင်ကိုတချက်ကြည့်လိုက်ပြီးတော့ ပြောလိုက်တယ်။

          " တပ်ဆုတ်တော့" 

                    သူရှာနေတဲ့လမ်းပြကို ရှာမတွေ့မှတော့ ဒီလိုနေရာမှာဆက်နေစရာအကြောင်ူမရှိတော့ဖူး။ သူရှာနေတဲ့လမ်းပြလေးသာ Biyashi မှာရှိနေသမျှတော့ အနှေးနက်အမြန် သူ သူ့ကို ရှာတွေ့လာမှာပဲ။

Heroic Death System(Arc 10)Where stories live. Discover now