Part-2.3

140 30 1
                                    

နည်းနည်းကျန့်ကြာသွားတဲ့အတွက်တောင်းပန်ပါတယ်နော်

...........................................................................

                ငါးရက်ကြာတဲ့အခါမှာ ရှန့်ခယ်ဆီကို အစိုးရကတရား၀င်ထုတ်ပေးတဲ့ ID ကတ်အသစ် ရောက်လာခဲ့ပြီ။ ရှန့်ခယ်ကတော့

" တကယ် လုပ်နိုင်ခဲ့တာပဲ " လို့သူပြောလိုက်တယ်။

အဆင့်နိမ့် ID ကတ်တွေရဲ့ အရှေ့ဘက်ခြမ်းက မီးခိုးရောင်ဖျော့ဖျော့လေးြဖစ်နေပြီးတော့ အနောက်ဘက်ခြမ်းမှာတော့ chip ပြားလေးတခုကိုထည့်သွင်းထားတယ်။ အဲ့လိုအဆင့်နိမ့် ID ကတ်တေမှာ ဓာတ်ပုံနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တေတောင်မပါလာဖူး။ ရှန့်ခယ် သူ့ကိုယ်ရေးအချက်အလက်ကို ကတ်ထဲထည့်သွင်းလိုက်ရုံပဲ။

ရှန့်ခယ် ID ကတ်ရတဲ့အခါ သူအခုနေနေတဲ့ငှါးထားတဲ့နေရာကနေပြီး ထွက်လာလိုက်ပြီးတော့ မြို့ထဲကို သွားလိုက်တယ်။ အိမ်အသေးလေးတလုံးကို သူငှါးလိုက်တယ်။ ရှန့်ခယ် သူ့ရဲ့လမ်းပြဆိုတဲ့အချက်အလက်ကို ဖုံးကွယ်ဖို့ဆို ဆူညံ့တဲ့နေရာက အကောင်းဆုံးရွေးချယ်မှုပဲ ။ ကင်းစောင့်တေဟာ သူတို့ရဲ့ သာလွန်တဲ့အာရုံခံနိုင်စွမ်းကို ဒီလိုဆူညံ့နေတဲ့နေရာမျိုးမှာ ရှာဖွေဖို့အကြာကြီး အသုံးပြုဖို့ဆိုတာမဖြစ်နိုင်လို့ပဲ။

ရှန့်ခယ်ကို ရှိသမျှနည်းလမ်းအကုန်သုံး ရှာနေတဲ့ ယွန်းနစ်အတွက်တော့ ရှန့်ခယ်လုပ်လိုက်တဲ့ ဒီဆုံးဖြတ်ချက်က ယွန်းနစ် သူ့ကိုရှာဖို့ ပိုခက်သွားဖို့ဖြစ်စေခဲ့တယ် ။

တစ်ချိန်တည်းမှာပဲ ယွန်းနစ်ထင်တာက ရှန့်ခယ်က လမ်းပြအဖွဲ့အစည်းမှာ တရား၀င်မှတ်ပုံတင်ထားတဲ့လမ်းပြတယောက်လို့။ တရား၀င်လမ်းပြအဖွဲ့အစည်းက မှတ်ပုံတင်ထားတဲ့ လမ်းပြတေဟာ တိတ်ဆိတ်ငြိမ်သက်တဲ့ပတ်၀န်းကျင်ဖြစ်တဲ့ အဆင့်မြင့်အိမ်ရာ တေမှာပဲ နေထိုင်တတ်ကြတယ်။ ဒါ့ကြောင့်ပဲ ယွန်းနစ် ပထမဆုံးပစ်မှတ်အနေနက် ရှာဖွေမှုက အဲ့အဆင့်မြင့်အိမ်ရာတေပဲဖြစ်တယ်။ သို့ပေမဲ့လည်း ရှာဖွေမှုအဆုံးအမှာတော့ သူမမျှော်လင့်ထားသလိုမျိုး ဘာတခုမှကိုရှာမတွေ့ဖူး။

Heroic Death System(Arc 10)Where stories live. Discover now