Part-2.4

135 32 0
                                    

မနက်ဖြန် တပိုင်းတင်ပေးပါ့မယ်နော် ဒီနေ့တော့အတိုလေးတပိုင်းတင်ပေးလိုက်တယ်😘😘😘😘

............................................................................

ဖုန်းခေါ်ဆိုမှု အပြီးမှာတော့ ယွန်းနစ် မြစ်တဖက်ကမ်းထိကို ရောက်နေတဲ့ လမ်းတလျှောက်က သွေးတေကို ခြေရာခံလိုက်သွားလိုက်တယ်။ ယွန်းနစ် သူ့စိတ်၀ိဉာဏ်လမ်းပြကို ခေါ်ထုတ်လိုက်ပြီးတော့ ဧရိယာတခုလုံးကိုပိုက်စေ့တိုက်ရှာဖို့လုပ်လိုက်တယ်။ ညရောက်တဲ့အခါဆို မြစ်ရေက မှောင်လာတာနက်အမျှ ပိုပိုအေးစက်လာမှာပဲ။ ယွန်းနစ်က အားနည်းလှတဲ့ ဒီလမ်းပြလေး ရေအေးကြီးထဲမှာ လွတ်မြှောက်ကိုရုန်းကန်ကူးခတ်နေရတယ်လို့ သူစိတ်ကူးမိလိုက်ရုံနက်ကို သူ့နှလုံးသား စုံးစုံးမြှပ်သွားသလိိုကို ရှင်းမပြနိုင်လောက်အောင် မသက်မသာဖစ်မှုတေပဲခံစားနေရတယ်။

ဘယ်လို အန္တရာယ်ကို သူလေးရင်ဆိုင်နေရတာလဲ။

ဘာ့ကြောင့် သူလေးကပဲအတိုက်အခိုက်ခံနေရတာလဲ။

သူလေးကို ဘယ်လိုကောင်ကများ လိုက်တိုက်ခိုက်နေတာလဲ။

ယွန်းနစ် သူရှာနေတဲ့ အဲ့ဒီ့လမ်းပြလေးက သာမာန်လမ်းပြလေးတယောက်မဟုဖူးဆိုတာ ပိုနားလည်လာသလိုပဲ။

ရှန့်ခယ် ဘယ်လောက်မှ မကြာသေးပဲ ထပ်ပြီး အတိုက်အခိုက်ခံလာရမယ်လို့ မထင်ထားမိဖူး။ ရှန့်ခယ် သူသေတော့မလိုပဲ။ ကားထဲမှာ ရှိတဲ့အချိန်တုန်းက သူ့စိတ်၀ိဉာဏ်လမ်းပြလေးဖြစ်တဲ့ လှိုင်းလုံးလေး ရုတ်တရက်ကြီး  ထွက်လာပြီးတော့သာ သူ့ကို သတိပေးခဲ့တာ မဟုရင် သူတော့ သေသွားလောက်တယ်။ လှိုင်းလုံးလေး သတိပေးလို့သာ သူ ကားပေါ်ကနေ ခုန်ချပြီးတော့ ကျည်ဆံကို အချိန်မှီရှောင်ဖို့ လုပ်နိုင်ခဲ့တာ။

ရှန့်ခယ် နာနေတာကိုလစ်လျှူရှု့လိုက်ပြီးတော့ သူ့ကိုယ်သူ ကာကွယ်ဖို့အမြန်လုပ်လိုက်တယ်။ ပြီးတာနက် မြစ်တဖက်ကမ်းကို ရောက်ဖို့အတွက် သူ့ကိုယ်သူ မြစ်ထဲ ခုန်ချပလိုက်တယ်။

ရှန့်ခယ် သူအတော်ခြေကုန်လက်ပန်းကျနေသလို ခံစားနေရပေမဲ့လည်း သူ ကမ်းပေါ်ရောက်ဖို့ ခက်ခက်ခဲခဲမတက်ရသေးခင်ထိကို သူမြစ်ရေထဲမှာ အချိန်ဘယ်လောက်ကြာအောင်ကူးလိုက်ရသလဲဆိုတာတောင် သူမသိတော့ဖူး။

Heroic Death System(Arc 10)Where stories live. Discover now