မနေ့တုန်းကစာရိုက်နေရင်းနက် အပိုင်းခွဲဖို့အတော်လေးအခက်တွေ့ခဲ့တာ အမှန်ကတပိုင်းတည်းလိုမှဖတ်ရတာအဆင်ပြေမှာ အ့လိုဆိုတော့လည်း စာဖတ်တဲ့သူ စောင့်ရတာကြာမှာကြောက်တာကြောင့် တဝက်တိတိခွဲချပြီးတင်ပေးလိုက်တာ
သတင်းကောင်းကတော့ ကိုယ်တို့တဝက်တိတိရောက်သွားပါပြီနော် နောက်အပိုင်းမှာ ပြိုင်ကားပေါ်မှာ အသားကင်စားကြတာပေါ့
..............................................................................................................................................................
အရင်အပိုင်းကပုံက ဒီအပိုင်းမှာပါမဲ့စာနက်မှ ကွက်တိပါနော် ကိုယ်သိပ်မလုပ်တတ်လို့တကယ်တောင်းပန်ပါတယ်
ရှန့်ခယ် လခြမ်းကွေးပုံ ရေချိုးကန်အသေးလေးကို မြင်တော့မှသာ သူဆေးရုံမှာ မဟုတော့ဖူးဆိုတာကို ရုတ်တရက် သဘောပေါက်လိုက်တယ်။
" ကျွန်တော်တို့ ဘယ်ရောက်နေတာလဲ "
ရှန့်ခယ် အဖြေသိပြီးသား မေးခွန်းကို မေးလိုက်တယ်။
" ကိုယ်အိမ်မှာ "
ယွန်းနစ် ပြန်ဖြေလိုက်တယ်။
" ကျွန်တော နောက်ကို ခများအိမ်မှာနေရမှာလား "
ရှန့်ခယ် ထပ်မေးလိုက်တယ်။
" အင်း "
ယွန်းနစ် သူ့ခါးကို ပြန်မတ်လိုက်ပြီးတော့ သူ့ တာဝါတိုင်လိုအရပ်ကြီးနက် ရှန့်ခယ်ကို ပြန်ငုပ်ကြည့်လိုက်တယ်။
ရှန့်ခယ်ရဲ့ ပါးလျှတဲ့ ကိုယ်လေးက သူ့အရိပ်ထဲမှာတောင် ဖုန်းအုပ်ထားနိုင်လုနီးနီးပဲ။ သူတို့တေ အတော်လေးနီးနီးကပ်ကပ်ရပ်နေကြတယ်၊ ဘယ်လောက်ထိ နီးကပ်နေကြလဲဆိုရင် သူတို့တေ တယောက်ခန္ဓာကိုယ်က ထွက်တဲ့ အပူချိန်ကိုတောင်တယောက် ခံစားနိုင်လုနီးပါပဲ။
ရှန့်ခယ်ရဲ့ စိတ်ဝိဉာဉ်လမ်းပြလေးဖြစ်တဲ့ လှိုင်းလုံးလေးက ရှန့်ခယ်ဘေးနားမှာ ကူးခတ်နေပြီးတော့ သူ့အနောက်မှာတော့ ယွန်းနစ်ရဲ့ စိတ်ဝိဉာဉ်လမ်းပြဖြစ်တဲ့ Moloc ကလိုက်ဖမ်းနေခဲ့တယ်၊ နောက်ကလိုက်ဖမ်းနေတုန်း တခါတလေဆို သူ့နှုတ်သီးနက်ပဲဖြစ်ဖြစ် သူ့လက်ဖဝါးနက်ပဲဖြစ်ဖြစ် လှိုင်းလုံးလေးရဲ့ အမြှီးကို တချက်တချက် လှမ်းဆွဲတတ်သေးတယ်။ အ့လိုလှမ်းဆွဲလိုက်တဲ့အချိန်တိုင်း Molocဖမ်းလို့မမိတဲ့အချိန်တေဆို လှိုင်းလုံးလေးက သဘောအကျကြီးကျပြီး ပျော်နေတတ်တယ် ပြီးတာနက် တယောက်ကိုတယောက်လိုက်ဖမ်းနေပြီးတော့ သူတို့ဘေးမှာလှည့်ပတ်နေတတ်တယ်။
YOU ARE READING
Heroic Death System(Arc 10)
Non-Fictionကိုယ့်ဟာကိုယ်ဖတ်ဖို့ဘာသာပြန်တာပါ e skillလည်းမကောင်းတဲ့အတွက်ဖတ်မယ်ဆိုလည်းသည်းခံပေးကြပါနော်