Part-3.1

129 29 2
                                    

ကိုယ်အပျင်းတစ်နေတာရော Part4ကိုအသေအကြေပြန်နေတာကြောင့်ရောပါ ၄ကအတော်လေးရှည်လို့ပါနော် sorryပါ


............................................................................

ယွန်းနစ် စောင့်ကြည့်ရေးဗီဒီယိုတေကို အချိန်အတော်ကြာအောင် ကြည့်နေလိုက်တယ်။ ဖြစ်စဥ္တခုလုံးမှာ ပုံရိပ်လေးက ကားပေါ်တက်တာ ကားပေါ်ကခုန်ချပြီး အ​ေ၀းကို ထွက်ပြေးသွားတာ အားလုံးပေါင်း ကြာချိန်ကတောင် ဆယ်စက္ကန့်ထက်တောင်မပိုဖူး။ သူလေးက ခေါင်းစွပ်ပါတဲ့ အားကစား၀တ်စုံကို ၀တ်ဆင်ထားခဲ့တယ်။ အ့ဒါကပဲ သူ့အသွင်အပြင်ကို ပြောဖို့အခက်တွေ့စေတယ်။ ခန့်မှန်းနိုင်တာ တခုကတော့ သူလေးက 178 စင်တီမီတာလောက်အရပ်ရှည်ပြီးတော့ အသက်ကလည်း တအားမကြီးလောက်သေးဖူး။ မဟုရင် သူဒီလောက်သွက်လက်ပြီး ချက်ချင်းတုန့်ပြန်နိုင်ဖို့ဆိုတာ မဖြစ်နိုင်လို့ပဲ။

အ့အချိန်မှာပဲ အရာရှိတယောက်က တံခါးခေါက်လာပြီးတော့ အခန်းထဲ၀ု်လာခဲ့တယ်။ အရာရှိက ယွန်းနစ်ကို အလေးပြုပြီးနောက်မှာ ကုန်တိုက်အကြမ်းဖက်မှုရဲ့ စုံစမ်းစစ်ဆေးရေးရလဒ်တေကို သူ့ကိုတင်ပြလာတယ်။

" ဒီတစ်ရက် နှစ်ရက်အတွင်းမှာ မဖောက်ခွဲရသေးတဲ့ စုစုပေါင်းပြင်းအားငါးဆယ်အထက်ရှိတဲ့ ဗုံးတွေကို ကျွန်တော်တို့ ရှာတွေ့ခဲ့တယ်။ ကျွန်တော်တို့ အတွင်းပိုင်းက တာ၀န်ကျတဲ့ ၀န်းထမ်းတေကို ဦးတည်းစစ်ဆေးလိုက်တော့ နောက်ဆုံး သံသယဖြစ်စရာ လူသုံးယောက်ကို ကျွန်တော်တို့ရှာတွေ့ထားပါတယ်။"

တင်ပြပြီးပြီးချင်းမှာပဲ ယွန်းနစ် သူ့ရှေ့က virtual screen မှာ လူသုံးယောက်နက်ပတ်သက်တဲ့ပုံတေနက် တကွ ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်တေပါ ချက်ချင်းပေါ်လာခဲ့တယ်။ သူတို့ထဲက တယောက်က ယာယီIDကတ်ကို အသုံးပြုထားပြီးတော့ ကျန်နှစ်ယောက်ကတော့ ID ကတ်အတုတေကိုအသုံးပြုထားကြတယ်။

ယွန်းနစ် ဆံပင်အနီနက်တယောက် ဆီမှာ သူ့အကြည့်တေကို ဒီတယောက်မဟုဖူးလို့ သူ့နှလုံးသားထဲအတွင်းထဲကကို မငြင်းပယ်သေးခင်အထိ အတော်ကြာအောင် စိုက်ကြည့်နေလိုက်တယ်။ အ့ဒါတေ အားလုံးက ယွန်းနစ် အဲ့ဒီ့နေက ကုန်တိုက်မှာ ဖျက်ခနဲမြင်လိုက်ရတဲ့ လမ်းပြလေးမှာလည်း ဆံပင်အနီရောင်တေရှိပေမဲ့လည်း အခုသူ့ရှေ့မှာရှိနေတဲ့ မှုန်ကုန်ထိုင်းမှိုင်းနေတဲ့လူငယ်လေးက သူရှာနေတဲ့လမ်းပြလေးနက် တယောက်တည်းဆိုတာ သုမယုံကြည်ဖူး။

Heroic Death System(Arc 10)Where stories live. Discover now