Chapter- 6.1

305 37 5
                                    

လမ်းပြအဖွဲ့အစည်းက ရှန့်ခယ်ကို နေရာချပေးတဲ့ အိမ်က နှစ်ထပ်တိုက်တလုံးဖြစ်ပြီးတော့ Sky Ringအိမ်ရာရဲ့ Zone 2 ထဲမှာတည်ရှိပြီးတော့ ဇုန် နှစ်ထဲက တခြားအိမ်ရာတေလိုပဲ အပြင်အဆင်နက် ဗိသုကာလက်ရာတေကလည်း တူညီကြတယ်။ အ့အိမ်က ယွန်းနစ်နေထိုင်တဲ့ ဇုန် တစ် အတွင်းမှာရှိတဲ့ အိမ်ကနေဆို ဘလော့သုံးခုစာလောက်ပဲဝေးတယ်။ sentinelတယောက်ဖြစ်တဲ့ သူ့အမြန်နှုန်းနက်ဆို သူ့အိမ်ရာကနေ ရှန့်ခယ်အိမ်ကို ရောက်ဖို့ဆို ဆယ်စက္ကန့်စာလောက်ပဲ အချိန်ယူရမှာ။

အဆုံးမှာတော့ ယွန်းနစ်က ရှန့်ခယ်နက် အတူနေထိုင်ပြီးတော့ အပြည့်အဝ ကာကွယ်ပေးရမယ်ဆိုတဲ့ ခိုင်လုံတဲ့ အကြောင်းပြချက်နက် ဇုန်တစ်ကနေ ရှန့်ခယ်ပြောင်းရွေ့မဲ့ ဇုန်နှစ်ကို သူပါအတူ လိုက်ပြောင်းသွားခဲဲ့တယ်။ ဟုတ်တာပေ့ါ တကယ်လို့သာ ရှန့်ခယ်သာ ဇုန်တစ် ကအိမ်ရာမှာတခါတရံ သွားနေချင်တယ်ဆိုလည်း အဲ့တာက သေချာပေါက် ပြသနာတော့မရှိဖူးပေါ့။

Rank A အဆင့် Dark Sentinel တယောက်အနေနက်တော့ ယွန်းနစ်က အ‌ရေးကြီးတဲ့ လေ့ကျင့်ရေးတာဝန်လိုမျိုး အရေးကြီးတဲ့ တာဝန်တေကို ကိုင်တွယ်ဖို့ အဓိက တာဝန်ယူရ‌ပေမဲ့လည်း အများအားဖြင့်တော့ သူ့မှာ အားလပ်ချိန်တေ အများကြီးရှိနေတုန်းပဲ။ သူက သူ့ရဲ့ များပြားလှတဲ့ အားလပ်ချိန်တေကို ရှန့်ခယ်နက်အတူ ခံစားချက်တေတိုးတက်လာအောင် အသုံးပြုရတာကို အတော်လေးပျော်နေခဲ့တာ။ သူတို့နှစ်ယောက် အခုလောလောဆယ်တော့ ချည်နှောင်မှုမပြုရသေးပေမဲ့ သူကတော့ သူတို့နှစ်ယောက်ရဲ့ စိတ်ဝိဉာဉ်လမ်းပြလေးတေ ကနေ အချင်းချင်းဆက်သွယ်မှုပြုတဲ့ အချိန်တိုင်း အတော်လေး သက်တောင့် သက်သာဖြစ်တဲ့လို့ခံစားရတယ်။ သူတိုက်ခိုက်လာတဲ့ နှစ်တယောက်လုံးမှာ စုပြုံလာခဲ့တဲ့ သူ့ ဖုန်းကွယ်ထားခဲ့တဲ့ စိုးရိမ်စိတ်သောကတေက ရှန့်ခယ်ရဲ့ နေ့စဉ်ဂရုစိုက်ပေးမှုအောက်မှာ တဖြည်းဖြည်းချင်းစီ ပြန်ပြီးသက်သာလာခဲ့တယ်။

လမ်းပြတယောက်ရှိတဲ့ Sentinel တယောက်မှာပဲရှိတဲ့ ပျော်ရွှင်မှုတေ။

ယွန်းနစ်က သူ့နှလုံးသားထဲမှာတော့ အတော်လေး ကျေနပ်နေတာ။ သူ့ကို စိတ်အနှောက်အယှက်ပေးနေတဲ့ တစ်ခုတည်းသော အကြောင်းကတော့ သူအခုချက်ချင်းကို သူ့လမ်းပြလေးနက် ချည်နှောင်မှုပြလို့မရသေးတာပဲ။

You've reached the end of published parts.

⏰ Last updated: Oct 09, 2022 ⏰

Add this story to your Library to get notified about new parts!

Heroic Death System(Arc 10)Where stories live. Discover now