Chapter4.3

122 26 2
                                    

lve ကအစိုးရဆန့်ကျင်ရေးအဖွဲ့အစည်းနက်ပတ်သက်ပြီးတော့ အကြောင်းအရာ အတော်များများကိုမေးခဲ့တယ်။ သူပြန်ဖို့မလုပ်ခင်ထိကို သုံးနာရီလုံး သူရှန့်ခယ်ကို အတော်များများမေးခဲ့တယ်။ နောက်တော့ သူ့ထိုင်ခုံကနေထလိုက်ပြီး ပြောလိုက်တယ်

" ကောင်းပြီ၊ ကိုယ်တို့ ဒီနေ့တော့ ဒီမှာပဲရပ်လိုက်ကြတာပေါ့ မင်းပြန်သက်သာဖို့ပဲ အရင်လုပ်ကြတာပေါ့ ဒါမှ ကိုယ်တို့အရေးကြီးတဲ့ စစ်ဆေးမှုတေ လုပ်တဲ့အခါ မင်းဖြေဖို့အားရှိနေမှာ။ "

တဖက်လူပြန်သွားတဲ့အခါ ရှန့်ခယ်ရဲ့ လူနာအခန်းကလည်း တဖန်တိတ်ဆိတ်သွားခဲ့တယ်။ သူပြတင်းပေါက်အပြင်ဘက်ကို လှည့်ကြည့်လိုက်ပြီးတော့တွေးလိုက်တယ် ပထမဆုံးခြေလှမ်းကတော့ လှမ်းတာအောင်မြင်သွားပြီ။

သူခုနကပြောလိုက်တဲ့ထဲမှာ အစိုးရဆန့်ကျင်ရေးအဖွဲ့အစည်းက ကလေးတေကို ပြန်ပေးဆွဲပြီးတော့ ဦးနှောက်ဆေး အသုံးချတာကတော့အမှန်ပဲ။ အဖမ်းခံလိုက်ရတဲ့ အကြမ်းဖက်သမားတေဟာလည်း အကုန်ကိုယ်ကိုယ်ကိုသတ်သေကုန်ကြပြီ။ သူ ဖောက်ခွဲရေးစနတ်တံကိုလွှင့်ပစ်လိုက်ခဲ့တဲ့အတွက် အဖွဲ့ကိုသစ္စာဖောက်လိုက်တဲ့သဘောဖြစ်သွားပြီး အ့တာကပဲသူ့ကိုယ်သူ အနစ်နာခံလိုက်ပြီးတော့ လူထောင်ပေါင်းများစွာရဲ့အသက်ကို ကယ်တင်လိုက်တဲ့သဘောပဲ။ ဒီအကြောင်းပြချက်က သူ့အပြစ်တေအားလုံးကိုဆေးကြောဖို့အတွက် မလုံလောက်ပေမဲ့ အဆိုးဆုံးအနေနက်ကတော့ သူ့အနေနက် ထောင်ထဲမှာလအနည်းငယ်လောက် နေထိုင်ရလောက်ရုံလေးပဲ။

လူမှုဆန့်ကျင်ရေးရာဇဝတ်မှုကျူးလွန်သူ အကြမ်းဖက်လှုပ်ရှားသူတေရဲ့ နောက်ကွယ်က အဓိကကြိုးကိုင်သူတယောက်အနေကနေ ဘာမှမသိနားမလည်တဲ့ ဖြူစင်ပြီး အပြစ်ကင်းတဲ့ အကြမ်းဖက်သမားတေရဲ့ သားကောင်းြဖစ်သွားရရှာတဲ့ သနားစရာလူတယောက်ဖြစ်လာလိမ့်မယ် သူ့ရဲ့အတိတ်ကအပြစ်တေအကုန် သူတို့အပေါ်ကို လွှဲချလိုက်ပြီးသူကတော့ အေးဆေးလွတ်မြောက်သွားလိမ့်မယ်။

ဒါကလည်း ရှန့်ခယ်တစ်ဦးတည်းစီက သတင်းအချက်အလက်တေမို့ အစိုးရနက် အရာရှိတေကတော့ ရလာတာတဲ့သတင်းအချက်အလက်အကုန်လုံးကို လုံးဝလက်ခံယုံကြည်ပေးမှာတော့မဟုဖူး ဒါပေမဲ့လည်း သူ့ရလာတဲ့ ဒဏ်ရာတေကတော့ အတုမဟုဖူး ဆရာဝန်တေရဲ့ လေ့လာသုံးသပ်ချက်အရတော့ ရှန့်ခယ်ကိုယ်ပေါ်က သနားစရာကောင်းလောက်တဲ့အထိ ဖြစ်စေတဲ့ဒဏ်ရာတေက ကိုယ့်ဟာကိုယ် ထိခိုက်အောင်လုပ်ထားတာမဟုဖူးလို့ ကောက်ချက်ချနိုင်တယ်။ အ့တာတေထပ်ကို ရှန့်ခယ်ဆီမှာ အစိုးရဆန့်ကျင်ရေးအဖွဲ့နက်ပတ်သက်တဲ့ သတင်းအချက်အလက်တေက ရှိနေတုန်းပဲ ဒါ့ကြောင့် တိုင်းပြည်က ခေါင်းကြီးပိုင်းတေက ဒီလိုအခွင့်အရေးမျိုးကို လွယ်လွယ်နက် လက်လွတ်ကြမှာမဟုဖူး။

Heroic Death System(Arc 10)Where stories live. Discover now