Prologue

9.2K 360 2
                                    


Unicode

" ဘာလို့များ မျက်စိနဲ့မမြင်ရဘဲ တန်ခိုးရှင်တွေ နတ်စွမ်းအင်တွေရှိတယ်လို့ ယုံကြည်နေရတာလဲ? ငါ့အတွက်တော့ မျက်စိနဲ့မမြင်ရလည်း ရှိတယ်လို့ ယုံကြည်လို့ရတာ အချစ်ပဲရှိမယ် " လို့သူပြောတယ်။သူ့တစ်ကိုယ်လုံးမှာ ကြည့်ကောင်းတယ်လို့ထင်ရတာ သားရေဘွတ်ဖိနပ်တွေပဲရှိတယ်။ အမွှေးနံ့သာတို့ထုံအီသင်းပျံ့နေတဲ့ နန်းဌာနေမှာ အရိုင်းဆန်တဲ့ရနံ့ပိုင်ရှင်ကလည်းသူပဲ။ သူအနားကပ်တဲ့အခါ ပင်လယ်ရေလှိုင်းတွေ ရိုက်ခတ်သလို တက်လိုက်ကျလိုက်ဖြစ်စေတယ်။ သူ့ခန္ဓာကိုယ်ထဲက တန်ခိုးရှင်သွေးကြောင့်လား? ဒါမှမဟုတ် ငါ့ခန္ဓာကိုယ်ထဲက နှလုံးသားကြောင့်လား ?

" အချစ်ကိုယုံကြည်တာ အရူးတွေပဲရှိတယ်။ အဆုံးသတ်မှာ အားလုံးက ကိုယ့်ကိုယ်ကိုယ်ထက် ဘယ်သူကိုမှ ပိုပြီးမချစ်နိုင်ဘူး " မချစ်ဖူးဘဲ သူနဲ့စကားနိုင်လုချင်လို့ဖြေခဲ့တယ်။ ငါက တကယ့်အရူးပဲ။ ၁၅ နှစ်အရွယ်လူသားကောင်လေးနဲ့ ဘီလူးကောင်လေးနှစ်ယောက်ရဲ့ တွေ့ဆုံခြင်းဟာထင်သလောက် ဇာတ်ရှိန်မမြင့်ရပါ။ ကပေါက်တိကပေါက်ချာနှင့် ကို့ရိုးကားယားနိုင်လှသည်။

ဤကာလသည် လူသားမျိုးနွယ်စုတစ်ခုလုံး ဘီလူးတွေလက်အောက်တွင်ကျွန်ခံရသည့်ကာလဖြစ်သည်။ 'ရူကလစ်'သည် တန်ခိုးရှင်သွေးဖြင့်မွေးဖွားလာသည်ဟု ကောလာဟလထွက်နေသောလူသားကောင်လေးတစ်ယောက်၊ 'နော' သည် ဘီလူးမင်းဆက်၏ နန်းမွေဆက်ခံမည့် သွေးရင်းချာမင်းသားတစ်ပါးဖြစ်သည်။ ချစ်ခြင်းမေတ္တာပေါက်ဖွားဖို့ ခေတ်အဆက်ဆက်ယုံကြည်မှုတွေ၊ ကျိန်စာတွေ၊ အရာအားလုံးကို ပြန်လည်ရေးသားသီကုံးဖို့ ဖြစ်လာရသည်။ စိတ်ကူးတောင်မယဉ်ဖူးတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါသည်။

" ဘာလို့များ မျက်စိနဲ့မမြင်ရဘဲ တန်ခိုးရှင်တွေ နတ်စွမ်းအင်တွေရှိတယ်လို့ ယုံကြည်နေရတာလဲ? ငါ့အတွက်တော့ မျက်စိနဲ့မမြင်ရလည်း ရှိတယ်လို့ ယုံကြည်လို့ရတာ အချစ်ပဲရှိမယ် " လို့သူပြောတယ်။

သူ့တစ်ကိုယ်လုံးမှာ ကြည့်ကောင်းတယ်လို့ထင်ရတာ သားရေဘွတ်ဖိနပ်တွေပဲရှိတယ်။ အမွှေးနံ့သာတို့ထုံအီသင်းပျံ့‌နေတဲ့ နန်းဌာနေမှာ အရိုင်းဆန်တဲ့ရနံ့ပိုင်ရှင်ကလည်းသူပဲ။ သူအနားကပ်တဲ့အခါ ပင်လယ်ရေလှိုင်းတွေ ရိုက်ခတ်သလို တက်လိုက်ကျလိုက်ဖြစ်စေတယ်။ 

သွေဖယ်ကျူးရင့် စူးနင့်ကြမ္မာ (𝙍𝙚𝙗𝙚𝙡𝙡𝙞𝙤𝙣 𝙤𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮)Where stories live. Discover now