Episode (2)

2.3K 218 10
                                    


Unicode

ထိုကောင်လေးရဲ့ သူငယ်ချင်းတွေ လက်ခုပ်လက်ဝါးတီးပြီး အားပေးနေသည်။ နောလည်း စိတ်ထဲက အားပေးမိသည်။ ဘာလို့အားပေးမိလည်းတောင် သူ့ကိုယ်သူ နားမလည်။

" သားကြီး နိုင်အောင်လုပ်ထား၊ ငါတို့မြို့ကို မြင်းစီးပြီး ပြန်ကြမယ်ကွာ "

ဒေါင်။ ဒေါင်။ ဒေါင်။

ခေါင်းလောင်းသံကြီးအချက်ပေးလိုက်သောအခါ နောက်တစ်သုတ် ပြိုင်ပွဲဝင်များသည် ခြံထဲမှလွတ်ပေးလိုက်သော မြင်းရိုင်းများပေါ်သို့ တက်ဖို့ကြိုးပမ်းရသည်။ မြင်းရိုင်းဆိုသည့်အမျိုးမှာ ဘယ်အရာမှ သူတို့အပေါ်တင်တာမကြိုက်သလို သခင်မထားသည့်မျိုးစိတ်ပါ။ သူတို့ကိုယ်ပေါ်တက်ဖို့ ကြိုးစားတာနဲ့ ရုန်းကန်သည် ခွာနှင့်ပေါက်သည်။ အတင်းဝိုင်းချုပ်၍ ကိုယ်ပေါ်တက်ခွင့်ရသည်ဆိုဦးတော့ ခန္ဓာကိုယ်ကို ခါထုတ်သည်။ မြေသို့လှဲချသည်။ အတော်ပင်အထိအခိုက်များပြီး လူကြိုက်များတဲ့ ပြိုင်ပွဲတစ်ခုပါပဲ။ 

မြင်းတွေခါထုတ်လို့ ကိုက်ဆွဲလို့ ဖင်တုံးလုံးဖြစ်ကာ ကွင်းထဲမှထွက်ပြေးရတဲ့ ဝါးလုံးကွဲဟာသဖြစ်ရပ်တွေလည်းရှိသည်။ မြင်းတစ်ကောင်လုံးပြန်လည် ကိုင်ပေါက်နိုင်လောက်တဲ့ ခွန်အားကြီးလူသန်ကြီးများလည်းရှိသည်။ အများစုက မြင်းရိုင်းတွေကို အနာဒဏ်ရာရအောင်လုပ်ပြီးမှ သူတို့ကိုယ်ပေါ်တက်ကြသည်။

ထိုကောင်လေးဟာ အားလုံးထဲမှာ အသက်အငယ်ဆုံးပြိုင်ပွဲဝင်ဖြစ်သည်။ အကယ်၍ ဤနေရာမှာ ဘီလူးမျိုးနွယ်ကောင်လေးဖြစ်ရင် ဝင်မပြိုင်ဖို့၊ အသက်အရွယ်မပြည့်သေးလို့ စတဲ့အကြောင်းပြချက်တွေနဲ့ တားဆီးမည်ဖြစ်ပေမဲ့ ယခုအခါ လူသားကောင်လေးဖြစ်တာကြောင့် အရေးတစိုက် စိုးရိမ်ပူပန်မှုမရှိပါ။

ပြိုင်ပွဲစတာနဲ့ ကောင်လေးဟာ ခါးမှာပတ်ထားတဲ့ ပိတ်စပါးကိုဖြန့်ကာ မြင်းရိုင်းကို မြူ ကျီစယ်သည်။ မြင်းရိုင်းသည် မြင်ကွင်းရှေ့တွင်လက်ယား လက်ယားဖြစ်နေသော ကောင်လေးရှိရာသို့တစ်ဟုန်ထိုးခုန်အုပ်သည်။ ကောင်လေးက ပေါ့ပေါ့ပါးပါးနဲ့ ရှောင်တိမ်းသည်။ ထိုကဲ့သို့အကွက်မျိုး ၄,၅ ခါလုပ်လိုက်သည့်အခါ မြင်ရိုင်း၏ ခုန်နိုင်သည့်အမြင့်မှာ တဖြေးဖြေး အောက်သို့နိမ့်လာသည်ကို သတိကပ်ပြီး ပြိုင်ပွဲကိုကြည့်မိလျှင် ဂရုပြုမိစရာပါ။ 

သွေဖယ်ကျူးရင့် စူးနင့်ကြမ္မာ (𝙍𝙚𝙗𝙚𝙡𝙡𝙞𝙤𝙣 𝙤𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮)Where stories live. Discover now