Episode (16)

1.3K 114 15
                                    

Unicode

လူသားမျိုးနွယ်တွေကစတင်တဲ့ ဆေးကုသဆောင်များတွင် လူသားမျိုးနွယ်မိခင်များ မိဖွားခွင့်တောင်းဆိုခြင်း အခင်းအကျင်းတစ်ခုဟာ တိုင်းပြည်ရေးနိုင်ငံရေး လှည့်ကွက်တစ်ခုသာသာ ဖြစ်ကြောင်းဘီလူးအမျိုးသားတွေက ဝိုင်းဝန်းပြောဆိုကြသည်။ ဘီလူးများအတွက် အမျိုးသမီး မိန်းမသားတို့ဘဝဟာ ပုံစံခွက်တစ်ခုထဲတွင် ဖန်တီးထားသလို ရိုးရှင်းလှသည်။ လှလှပပကြီးပြင်းရမည်။ လှလှပပ ဆိုတတ်၊ကတတ်၊တီးခတ် တတ်ရမည်။ လှလှပပ ကဗျာလက်ာတို့ ရွတ်ဖတ်သိရှိရမည်။ လှလှပပ ပန်းထိုးချည်ယက်၍ နေအိမ်မှာ တည်ငြိမ်စွာအိန္ဒြေအပြည့်နှင့် နေထိုင်ရမည်။ ဒါမှပဲ သူတို့ကို လက်ဆက်ပေါင်းသင်းမည့် ယောကျာ်းကောင်း ခင်ပွန်းကောင်းနှင့် တွေ့ဆုံနိုင်ပြီး ယောကျာ်းကိစ္စအဝဝကို ဆောင်ရွက်ရင်းဖြင့် ကျန်ရှိတဲ့သူတို့ဘဝကို လှလှပပ ကျော့ကျော့မော့မော ဖြတ်သန်းနိုင်မည် ဖြစ်သည်။

မိန်းမသားတို့သည် ကြင်နာတတ်သောနှလုံးသား ရှိတတ်ရာ ပျော့ညံ့သူများအဖြစ် သတ်မှတ်ပြီး တိုင်းရေးပြည်ရေး တိုက်ရေးခိုက်ရေး စစ်ဆင်ရေးများအတွက် လုံးဝမဆိုင်သောသူများအဖြစ် ဖယ်ထုတ်ထားခြင်းဖြစ်သည်။ ဘီလူးများခံယူထားသော မိန်းမသားများ၏ ဘဝသည် ပြစ်ချက် အနာဆာမရှိ လှလှပပသာနေကြဖို့ ဖြစ်သည်။ နှစ်ပေါင်းများစွာကြာအောင် ဘီလူးအမျိုးသမီးများအတွက် မရခဲ့သောအခွင့်အရေးအတွက် တောင်းဆိုသူများမှာ လူသားမျိုးနွယ်များ ဖြစ်နေသည့်အခါ သူတို့တွေပိုပြီးခါးသီးရသည်။ ဒီအချိန်မှာ သူတို့ရဲ့ဆန္ဒတွေမပြခဲ့ဘူးဆိုလျှင် သူတို့ရဲ့အသံတွေမထွက်ဘူးဆိုလျှင် နောက်အခါများတွင် ထွက်ဖို့ဖြစ်နိုင်ပါ့မလား။

“ ဘာလို့ စစ်သည်တွေနဲ့ လက်ဆက်ထိမ်းမြှားဖို့နေရာကပဲ မိန်းမတွေအတွက် ဖြစ်နေရတာလဲ။ သူမရော စစ်သည်တစ်ယောက် ဖြစ်ခွင့်မရှိဘူးလား ဆရာ “

ရုပ်ပြပုံပြင်စာအုပ်လေးမှာ ပါတဲ့ပုံလေးတွေကိုထောက်ပြီး ဘီလူးမျိုးနွယ်သမီးငယ်တစ်ဦး ပညာသင်စဉ်အရွယ် တစ်ချိန်က မေးခဲ့ဖူးသည်။

သွေဖယ်ကျူးရင့် စူးနင့်ကြမ္မာ (𝙍𝙚𝙗𝙚𝙡𝙡𝙞𝙤𝙣 𝙤𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮)Where stories live. Discover now