Episode (9)

1.3K 131 12
                                    


Author Note - ဇာတ်လမ်းတွင်ပါဝင်သော ကာရိုက်တာများရဲ့အသွင်အပြင်ကို နီးစပ်ရာ Art လေးများဖြင့် ထည့်သွင်းဖော်ပြထားပါတယ်။ ထို Art များရဲ့ Artist များကိုလည်း အပြည့်အဝ Crd ပေးပါတယ်ရှင်။

................................................

Unicode


ဝေးလံသောခရီးကိုနှင်နေသည့် ရူကလစ်၏အတွေးပုံရိပ်များသည် ပူဇော်ပွဲညသို့ တစ်ဖန်ပြန်ရောက်ရှိသွားသည်။

ဒေါင်းချေပြည်နယ်အတွက် အပြောင်းအလဲတစ်ခု ပေးနိုင်စွမ်းရှိအောင် သူတို့အဖွဲ့ကြိုးပမ်းခဲ့ကြသည်။ သူတို့ရည်ရွယ်ချက်သည် ရင်မဆိုင်ကြည့်ရသေးဘဲ ကြောက်စိတ်ကို ဦးခိုက်နေသော လူထု၏စိတ်နှလုံးကို လှုပ်ခါစေဖို့ဖြစ်သည်။ လူသားတွေ ဘယ်အချိန်တွင် အရေးနိမ့်ခဲ့သလဲ သမိုင်းပြန်လှန်ရလျှင် “ပထမအင်ပါယာ” ထူထောင်ခဲ့သော ဘီလူးမင်းဆက်ဖြစ်ချေသည်။ ပထမအင်ပါယာ၏ ဘီလူးမင်းသည် မျိုးနွယ်စုအားလုံး၏ အာဏာစက်ကို အပြတ်အသတ်ချိုးနှိမ်နိုင်ခဲ့သူမို့ နောက်ထပ်သော ဘီလူးမျိုးဆက်များသည် ပထမအင်ပါယာဘီလူးမင်းကို နတ်ဘုရားတစ်ပါးသဖွယ်ကိုးကွယ်ကြသည်။ ဘီလူးမျိုးတို့ အာဏာမြဲသော နေရာတိုင်းတွင် ပထမအင်ပါယာဘီလူးမင်း၏ နတ်ရုပ်ထုကို တည်ထားကိုးကွယ်ကြသည်။ ထိုသို့ ကိုးကွယ်ကြရာတွင် အခြားသောနယ်မြေများထက် မင်းနေပြည်တွင်ကိုးကွယ်သော နတ်ရုပ်ထုတွင် ဘီလူးမင်း၏ကြွင်းကျန်သောဓာတ်တော်များကို ဌာပနာထားသည်။ မင်းဖြစ်ခဲ့သော ဘီလူးအဆက်အဆက်၏ သွေးဖြင့်ပူဇော်ခဲ့ပြီး သစ္စာဖြင့်တိုင်တည်သော တိုက်ပွဲကြီးများပင် အောင်မြင်ခဲ့သည်။ ခေတ်အဆက်ဆက်မှာ ဘီလူးတွေကိုတော်လှန်ခဲ့သော သမိုင်းပေါင်းများစွာ ရှိခဲ့သော်လည်း ဘီလူးများ၏အောင်မြင်မှုရရှိပြီးနောက် သမိုင်းများပြောင်းလဲခဲ့ရသည်။  သမိုင်းများအဖျက်ခံခဲ့ရသည်။ နောက်ဆုံးမျိုးဆက်မှီခဲ့သော ရူကလစ်၏ဖခင် ဖြစ်သူမှာလည်း ဂုဏ်သိက္ခာညိုးနွှမ်းစေသော သတင်းပေါင်းများစွာ ထုတ်ပြန်ပြီး လူယုတ်မာတစ်ဦးဖြစ်ခဲ့ရသည်။

 

ရူကလစ် “ ငါတို့ နန်းတော်က ဘီလူးမင်းနတ်ရုပ်ကို ခိုးမယ်။ ပြီးရင် ငါတို့လူတွေကိုသက်သေပြမယ်။ ငါတို့တွေ သူတို့ရဲ့ မြတ်နိုးရာ ဦးထိပ်ထားရာကို ဖျက်ဆီးနိုင်စွမ်းရှိတယ်။ ငါတို့တွေရဲ့ မြတ်နိုးရာတွေကို သူတို့တွေဖျက်ဆီးခဲ့သလို ဖျက်ဆီးပြနိုင်ရမယ် “

သွေဖယ်ကျူးရင့် စူးနင့်ကြမ္မာ (𝙍𝙚𝙗𝙚𝙡𝙡𝙞𝙤𝙣 𝙤𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮)Where stories live. Discover now