Episode (10)

1.4K 132 5
                                    


Unicode


ဒေါင်းချေပြည်နယ်နှင့် ဝန်းကျင်ကိုပိုင်စားသော ဘီလူးနယ်စားမင်းသည် အစာရေစာလစ်ဟာနေသော တဂွမ်းဂွမ်းမြည်ဟီးနေသည့် အိုးလွတ်ခွက်လွတ်သံ သတင်းများကြောင့် အတော်ကိုပင် အမျက်တော်ရှနေလေ၏။ မထိန်းနိုင်တော့သည့်အဆုံး အိုးခွက်တီးနေသူများအားလုံးကို ရိုက်နှက်ဖမ်းဆီးဖို့ အမိန့်ချမှတ်လိုက်သည်။ အကြမ်းဖက်ခြင်းဖြင့် အခြေအနေတစ်ရပ်လုံးကို ထိန်းသိမ်းနိုင်မည်ဟု တွက်ချက်ထားသော်လည်း ရိုက်တဲ့အခါထွက်ပြေး မရိုက်တော့တဲ့အချိန် ခွက်တွေပြန်တီးကြသည်တဲ့လေ။ ယခင်အဖေလက်ထက်မှာ ဘယ်လိုတွေကြုံခဲ့သလဲ အမှတ်သည်းခြေ မရှိသေးပုံရသည်။ ထို့ကြောင့်ပုန်ကန်သူတွေ၊ မနာခံသူတွေကို ကွပ်မျက်တဲ့အခါ ကျူပင်ခုတ် ကျူငုတ်မကျန်ခဲ့သသို့ ရှင်းလင်းရခြင်းဖြစ်သည်။ မျိုးမစစ်ဆီက ထွက်လာတဲ့ ရင်သွေးတွေက မျိုးမစစ်သာဖြစ်နိုင်သည်လေ။

 

ဒေါင်းချေပြည်နယ်၏ စုရပ်အမိန့်ပေးစင်တွင်။

 

ပထမလူ “ ဒီနေ့တောင် ကျွန်တော်တို့ကို ရိုက်နှက်နေတာ နောက်ကျရင် ကျွန်တော်တို့တွေအကုန် သတ်ပစ်ခံရလိမ့်မယ် “

ဒုတိယလူ “ ဟုတ်တယ်။ သွေးချောင်းစီးရမဲ့ ကိစ္စတွေကို ပြန်လာအောင်မလုပ်သင့်တော့ဘူး “

တတိယလူ “ဘီလူးတွေကို ငါတို့တွေဘယ်လိုလုပ် ယှဉ်ပြီးခုခံတိုက်ခိုက်နိုင်မှာလဲ “

 

ဆူဆူညံညံဖြစ်နေသော လူတွေကို ရူကလစ် တည်ငြိမ်စွာမျက်စိတစ်ဆုံးကြည့်လိုက်သည်။ မင်းနေပြည်ကို ရောက်ဖူးပြီးတဲ့ ရူကလစ်ဟာ အရွယ်နဲ့မလိုက်အောင် အမုန်းတရား နာကျည်းမှုများကို ဆုပ်ကိုင်ထားပြီး ဖြစ်သည်။ ပိုလျှံနေတဲ့စားသောက်ဖွယ်ရာတွေနဲ့ ပျော်ပွဲရွှင်ပွဲများ ကျင်းပနေတဲ့အချိန် သူတို့လူသားမျိုးနွယ်တွေ ဘယ်လောက်ဒုက္ခရောက်နေလဲ အသိဆုံးပဲကိုး။ ကောင်းကင်ယံကိုမော့ကြည့်လိုက်ပြီး တန်ခိုးရှင်အကြောင်း ခေတ္တတွေးတောလိုက်သည်။ ဘာကြောင့် လူသားမျိုးနွယ်တွေ ဒီလိုဆင်းရဲမွဲတေငတ်ပြတ်မှုနဲ့ ရှင်သန်နေရလဲ၊ စစ်ရှံးခဲ့တဲ့ဘုရင်မင်းဆက်ကို အပြစ်တင်ရမလား၊ လူသားတွေအောင်နိုင်ခဲ့တုန်းကရော ဘီလူးတွေနဲ့ ဘာတွေဖြစ်ခဲ့ကြလဲ။ သမိုင်းဟာဖျောက်ဖျက်ခံလိုက်ရပြီ။ အသက်ကိုတဝရှုသွင်းလိုက်ပြီး အကြောက်တရားကင်းမဲ့စွာ သူပြောသည်။

သွေဖယ်ကျူးရင့် စူးနင့်ကြမ္မာ (𝙍𝙚𝙗𝙚𝙡𝙡𝙞𝙤𝙣 𝙤𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮)Where stories live. Discover now