Episode (14)

1.2K 115 16
                                    


Author wish 🌲 နှစ်သစ်မှာပျော်ရွှင်ခြင်းတွေသယ်ဆောင်လာပါစေ။ မယ်ရီခရစ်စ္စမတ်ပါ။

Unicode

“ ရှင်မင်းသားကိုယ်တိုင် ကျွန်တော်တို့ပြည်နယ်က အရေးကိစ္စတွေကို ညှိနှိုင်းပေးမယ်ဆိုတော့ အတိုင်းမသိပါပဲ ကျေဇူးတင်ရှိပါတယ် “

ဆစ်ခ်ထရီသည် နောရောက်ရှိကတည်းက ဒေါင်းချေပြည်နယ်ရဲ့အရေးခင်း ကိစ္စကြီးငယ်များစွာကို ချန်သင့်တာချန် တင်သင့်တာတင် သင့်တော်လျောက်ပတ်အောင် စီကာပတ်ကုံးတင်ပြလေသည်။ တခြားသူများပြောသောအခါ မတော်တဆ ဘီလူးတွေကိုကောင်းကောင်းဗျင်းခဲ့ကြောင်း ထွက်သွားမည်စိုးတော့ သူကပဲ ဦးစီးဦးဆောင်ပြီး အစည်းအဝေးတွင်တင်ပြတောင်းဆိုနေတော့သည်။

“ ကျွန်တော်တို့ ဒေါင်းချေပြည်နယ်ကသိတဲ့အတိုင်း စိုက်ပျိုးမြေကောင်းတွေ သိမ်းခံထားရတော့ ပြည်သူပြည်သားတွေက ကောက်ပဲသီးနှံတွေ စိုက်ပျိုးရိတ်သိမ်းဖို့ တဖြေးဖြေးခက်ခဲလာရတယ်။ ရာသီဥတုအခြေအနေကြောင့်လည်း ကျန်ရှိမြေတွေမှာ ထွက်သင့်သလောက် မထွက်တော့ စားနပ်ရိက္ခာက အမြဲတမ်းကျပ်တည်းနေပါတယ်။ ဘီလူးနယ်စားမင်းက တိုးတက်လာတဲ့တခြားနယ်မြေတွေကို ကြည့်ပြီး နှစ်စဉ်အခွန်အခတွေတိုးကောက်လာပေမဲ့ ကျွန်တော်တို့က တခြားနယ်မြေတွေရထားတဲ့ အခွင့်အရေးလေးတောင် မရှိတဲ့အခါ ဝန်ပိလာရတယ် “

နောသည် သီနှံထွက်နှုန်းထားများနှင့် နှစ်စဉ်ပေးဆောင်ထားသော စာရင်းဇယားများကို သေသေချာချာ ဖတ်ရှုလေ့လာနေသည်။ ဘီလူးနယ်စားမင်းတို့က မင်းနေပြည်သို့ လျှောက်တင်သောပမာဏနှင့် အတော်ပင်ကွာဟနေပြီး ပျောက်နေသောစာရင်းများလည်း ရှိသေးသည်။ နောသည် အစည်းအဝေးစားပွဲခုံရဲ့ ထိပ်ဆုံးတွင်နေရာယူထိုင်ထားပြီး လက်ယာဘက်တွင်နောနှင့်အတူပါလာသော လက်ရွေးစင်စစ်သည် ခေါင်းဆောင်များ စီတန်းထိုင်ကြသည်။ လက်ဝဲဘက်တွင် ခေါင်းဆောင်ရူကလစ်နှင့် လူသားမျိုးနွယ်အဖွဲ့နေရာယူထိုင်ကြသည်။

ရူကလစ်သည် မှင်တံတစ်ချောင်းကို နောရှိသည့်အောက်ခြေသို့ ပစ်ကချလိုက်သည်။ တခြားသူများကတော့ လက်ထဲကရုတ်တရက်လွတ်ကျသွားသည်ပဲ မြင်ကြသည်။ ရူကလစ်သည် ချက်ချင်းနောထိုင်နေသည့် ထိုင်ခုံအောက်ကို ငုံ့ရှိုးရင်း မှင်တံကိုကောက်ယူလိုက်သည်။ နောကလည်း အနည်းငယ်နောက်သို့ ကိုယ်ကို ခွာပေးသည်။ မှင်တံကိုကောက်ပြီးပြန်အထမှာ နောရဲ့အိစက်နေတဲ့ပေါင်တံလေးတစ်လျှောက်ကို မှင်တံရဲ့ဖင်ထိပ်လေးနဲ့ ကြက်သီးမွှေးညှင်းလေးများ ထိုးထောင်သွားသည်အထိ ပွတ်ဆွဲသွားသည်။ ဆစ်ခ်ထရီနှင့် တခြားသော လက်ရွေးစင်စစ်သည်များက သူတို့ပြောစရာရှိတာ ပြောဆိုနေကြသည်ကို နောအရိပ်အကဲတစ်ချက် ကြည့်လိုက်ပြီးမှ ရူကလစ်ဘက်ကို မျက်လုံးလေးလှန်ကြည့်သည်။

သွေဖယ်ကျူးရင့် စူးနင့်ကြမ္မာ (𝙍𝙚𝙗𝙚𝙡𝙡𝙞𝙤𝙣 𝙤𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮)Where stories live. Discover now