Episode (19)

960 83 25
                                    

Unicode

.
.
.

ဘီလူးတိုရဲ့  စစ်လေ့ကျင့်ရေးကွင်းတွေသည် လူသားများထက် နည်းစနစ်ကျစွာ လက်နက်ခဲယမ်းများကို လိုအပ်သိုသုံးစွဲခွင့်ရှိသည်က အားရစရာအကောင်းဆုံးဖြစ်သည်။ ဟဲဇက်ကိုယ်တိုင်လည်း လက်နက်များပြုလုပ်ရာတွင် အတော်ပင်ကျေနပ်လှသည်။ အထည်ကြမ်းများ အချောကိုင်တွယ်ရာတွင် ပြေပြစ်သောပုံစံခွက်များရှိနေခြင်းဟာ သက်သာစေပြီးလွယ်ကူလျင်မြန်သည်။ ဘီလူးတွေရဲ့ လက်နက်တွေကို ရန်သူတွေရဲ့လက်နက်သကဲ့သို့ တချိန်လုံးစံနမူနာထားပြီး လေ့လာခဲ့သူမို့ ဘီလူးတို့ရဲ့လက်နက်ခန်းကို ရောက်ရှိတဲ့အခါ ပါဝင်ပစ္စည်းများနှင့် အချောကိုင်ပုံတို့ကို ကြည့်လိုက်ရုံဖြင့် ယင်းလက်နက်တို့ကို တန်ပြန်တိုက်ခိုက်နိုင်သော လက်နက်ကြမ်းများကို ခေါင်းထဲတွင်ပုံဖော်မိနေသည်။

 

ဘီလူးများ၏ဓားရှည်များသည်သိပ်ကိုလေးပင်ပြီး ဓားရှည်နှစ်ချောင်းပြိုင်ခုတ်ကျလျှင် ဓား,ဓားချင်းယှဉ်ပြိုင် ခုတ်ထွင်းလျှင် အချက်ရေများများခုတ်လေ သံထည်အရည်အသွေးကောင်းသည့် ဘက်က ပို၍အားကောင်းလာမည်။ သံထည်အရည်အသွေးတူညီမည်ဆိုလျှင် တိုက်ရည်ခိုက်ရည် ပိုသာသည့်စစ်သည်က နိုင်မည်။ သို့ပေမဲ့ လက်နက်ကောင်းဆိုသည်မှာ ကိုယ့်စစ်သည်ကိုပို၍အားကောင်းအောင် ပေးထားသည့်အရာမဟုတ်လား။ ခုတ်ထွင်းမည်ကို ကာနိုင်ပြီး တစ်ပြိုင်နက်ထဲခုတ်ချက်ကို ရန်သူအားပေးနိုင်မည့် လက်နက်မျိုးဖြစ်ရမည်ဟု ဟဲဇက်သူ့မှတ်စုစာအုပ်ထဲ အမှတ်အသားတချို့နဲ့မှတ်လိုက်သည်။ မတော်တဆများ သူ့စာအုပ်ကိုတွေ့သည့်သူတောင် သူ့ဘာတွေလုပ်ဖို့ စီစဉ်နေလဲမသိအောင် ကိုယ်ပိုင်အမှတ်အသားနှင့် ရေးတတ်ခြင်းကို အကိုဆစ်ခ်သင်ပေးခဲ့ခြင်းဖြစ်သည်။ 

 

အေးစက်ပြီးပြတ်သားလွန်းတဲ့ အကိုဆစ်ခ်အကြောင်း ခေါင်းထဲရောက်လာသောကြောင့် ဟဲဇက် အလိုမကျစွာ အတွေးများကို လွှင့်ပစ်ဖို့ကြိုးစားသည်။ သိုပေမဲ့ သူအကိုဆစ်ကို အရင်လိုပြန်မမြင်နိုင်တော့ သေချာသည်။ တစ်ချိန်လုံး…. တကယ့်ကိုမှတစ်ချိန်လုံးကို အကိုဆစ်ခ်က အရိပ်အယောင်လေးမပြခဲ့တာ၊ ယောကျာ်းလေးကို စိတ်ဝင်စားတဲ့သူမျိုးဆိုတာ ဟဲဇက် ဘယ်တုန်းကမှမရိပ်မိခဲ့ဘူး။

သွေဖယ်ကျူးရင့် စူးနင့်ကြမ္မာ (𝙍𝙚𝙗𝙚𝙡𝙡𝙞𝙤𝙣 𝙤𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮)Where stories live. Discover now