Episode (20)

2K 97 27
                                    

Unicode

.
.
.
.

“ မိဖုရားတို့ကို မေ လာရောက်ဂါရဝပြုတာပါ “

ယိမ်းရဲ့မယ်တော်နှင့် နောရဲ့မယ်တော်တို့သည် အပျိုတော်ရေးရာ အမျိုးသမီးရေးရာ အနောက်ဆောင်တို့၏ အကြီးအကဲဖြစ်သည့်အလျောက် နန်းတော်သို့ဝင်ရောက်သည်နှင့် ဦးစွာဂါရဝပြုရသည်။ မေသည် ယခင်က မိဖုရားတော်တို့အလိုအကျ ပြစ်မျိုးမှဲ့မထင် အမျိုးသမီးလေးဖြစ်ခဲ့သော်လည်း နန်းတော်မှထွက်ခွာသွားပြီးနောက် အပျိုတော်ရေးရာ ကိစ္စရပ်များတွင် မိဖုရားတို့ မင်းသမီးတို့၏ မောက်မာမှု ညှင်းပန်းနှိပ်စက်မှုများကို မီးမောင်းထိုးပြတဲ့ ပြဇာတ်များရေးသားခဲ့၍ ယခုတွင်တော့ မေပြန်ရောက်လာခြင်းကို မယ်တော်တို့နှာခေါင်းရှုံ့မိသည်။

“ နန်းတော်အပြင်မှာစာရေးဖို့ ကုန်ကြမ်းမရတော့လို့ နန်းတော်ထဲပြန်လာတာလား မိန်းကလေး မေ “

မိဖုရားငယ်တို့ မင်းသမီးတို့မှာ မိဖုရားခေါင်ကြီးဖြစ်သူနောမယ်တော်၏ အပြောကြောင့် ကျေနပ်စွာမထိတထိ ပြုံးယောင်သန်းကုန်ကြသည်။

“ မဟုတ်တာ မိဖုရားခေါင်ကြီး၊ အိမ်ရှေ့စံနောက ကျွန်မကိုစာတွေရေးဖို့ နန်းတော်အပြင်မှာ အပြောင်းအလဲတွေ အများကြီးပေးထားတာပါ။ နန်းတော်ထဲမှာထက် အပြင်မှာ လူသားမျိုးနွယ်တွေနဲ့ ကျွန်မတို့ဘီလူးမျိုးနွယ်တွေ ဘယ်လောက်ထိပြောင်းလဲနေပြီလဲ မိဖုရားတို့လေ့လာချင်ရင် ကျွန်မ မေ လိုက်ပြပေးလို့ရပါတယ် “

မေသည် နန်းတော်ထဲမှ မှုးကြီးမတ်ရာများ တိုင်ပင်ခံအမတ်များ ဆွေမျိုးတော်များ ဘယ်လောက်ထိ အိမ်ရှေ့စံနောရဲ့ လုပ်ရပ်ကို ပြစ်တင်ရှုတ်ချကြောင်း သိနေတာမို့ နောရဲ့မယ်တော်ကို သူမကိုမထိတထိ လာပြီးပုတ်ခတ်နေမည့်အစား ကိုယ့်သားကိုယ်သာ နိုင်အောင်ထိန်းစမ်းပါဟု သွယ်ဝှိုက်ပြောလိုက်သလိုသည်။

မိဖုရားခေါင်ကြီးသည် စားပွဲအောက်တွင် သူမရဲ့လက်ကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ မေသည် မိဖုရားခေါင်ကြီးအတွက် အစွယ်တွေဝှက်ထားသော မြေးခွေးမလို မိန်းမတစ်ယောက်ဖြစ်သည်။ သူမသည် နန်းတော်ထဲမှာရှိစဉ်တုန်းက မိဖုရားတို့ မင်းသမီးတို့နဲ့ တကြိတ်တည်းနေခဲ့ပြီးသည့်နောက် နန်းတော်ပြင်ရောက်တာနဲ့ နောက်ကျောဓားနဲ့ ထိုးသလိုပြုမူသွားဖြင်းဖြစ်သည်။ လူထုမေတ္တာခံယူရတဲ့အရသာကို သိပ်ကြိုက်နေပုံပေါ်သည်။

You've reached the end of published parts.

⏰ Last updated: Mar 06, 2022 ⏰

Add this story to your Library to get notified about new parts!

သွေဖယ်ကျူးရင့် စူးနင့်ကြမ္မာ (𝙍𝙚𝙗𝙚𝙡𝙡𝙞𝙤𝙣 𝙤𝙛 𝘿𝙚𝙨𝙩𝙞𝙣𝙮)Where stories live. Discover now