Episode-6

345 39 0
                                    

Unicode /—

~အချစ်က တစ်ခါတစ်လေ ကျွန်တော်တို့ကိုလှည့်စားတတ်တယ်~

"ဒီမှာ..ရှင့် ကလေးရဲ့အုပ်ထိန်းသူတွေလားမသိဘူး"

"ဟမ်..စီနီယာ"

"Sehun မှတ်လား၊ကလေးက .."

သူမ၏လက်ထဲဝင်ချီထားသော Channie ကိုတစ်လှည့် Sehun ကိုတစ်လှည့်ကြည့်ပြီးမေးခွန်းထုတ်လာသည်။

"သူငယ် ချင်းရဲ့ ကလေးပါ။ အခုပျောက်သွားလို့ ကျွန်တော်တို့တွေလူ ခွဲပြီးလိုက်ရှာနေကြတာ။မထင်ထားဘူး..စီနီယာနဲ့တွေ့လိမ့်မယ်လို့ပြီးတော့ကလေးက...ဘယ်လိုဖြစ်ပြီး"

"တို့ က လမ်းကြုံလို့စိတ်ပြေလက်ပျောက် ပန်းခြံထဲ ဝင်လာလိုက်တာ။ ဒီလိုပဲ ဟိုကြည့်ဒီကြည့်ပေါ့ ။အဲ့မှာ ဒီကလေးကိုတွေ့တာပဲ။"

"ဘယ်နားလောက်မှာတွေ့တာလဲ စီနီယာ။"

"ဟိုးနားက.. ကလေးလေးတွေ ဆော့နေတာတွေ့လား။"

သူမ ပြသည့်နေရာကို လှမ်းကြည့်လိုက်သည်။ Channie အရွယ် ကလေး နှစ်ယောက်သုံးယောက်လောက် ဂျုံရုပ်လေးတွေနဲ့ကစားနေကြသည့်ပုံပင်။ အော် ကလေးဆိုတော့လဲ ကလေးတွေနဲ့ဆော့ချင်မှာပေါ့။ ဒါပေမဲ့ Channie ကဒီနေရာကိုဘယ်လို လုပ်တစ်ယောက်ထဲ ရောက်နေတာလဲ။

"ဟုတ်.."

"ကြည့်ရတာ ကလေးက လေးဖက်ထောက်သွားတတ်နေပြီထင်တယ် Sehun၊ တို့ ကလေးကိုစတွေ့တုံးက လက်ဖဝါး လေးတွေနဲ့ ဘောင်းဘီ ဒူးနားလေးတွေမှာ သဲတွေနဲ့ ညစ်ပတ်နေရော။"

"ဗျာ..လေးဖက်ထောက်သွားတတ်တာ။ အဲ့တာဆို တစ်ယောက်ထဲ လျှောက်သွားခဲ့တာပေါ့"

"အဲ့တာပြောတာပေါ့ မတော်တဆ ကလေးပျောက်သွားရင်ဘယ်လို လုပ်မလဲ၊ သေချာဂရုမစိုက်နိုင်ပဲနဲ့များကွယ် မွေးနေကြသေးတယ်
ကလေးမိဘတွေက သိပ်ကိုပေါ့ ဆတာပဲကွယ်။"

"မဟုတ်ပါဘူး..သူက"

Baekhyun က ကလေးအ​ဖေ ဆိုပေမဲ့ အသက်အရွယ်အားဖြင့်နုငယ်သေးသည်။ အတွေ့အကြုံလဲ မရှိ။ သို့ပေမဲ့ကလေးကိုတော့ အတော်ချစ်သည်။ ဒါကို Sehun တင်မက အကုန် သိကြသည်။ အခုလို စီနီယာက Baekhyun ကို အမြင်မှားတာမျိုးတော့ မဖြစ်စေချင်ပါ။ ထို့ကြောင့်Sehun ရှင်းပြ ဟန်ပြင်တုံး အနောက်မှ ကြားလိုက်ရသည့်အသံ

🍁Not for Me🍁(uni/zawgyi )(Completed) Where stories live. Discover now