Episode -41

180 15 4
                                    

Unicode.....

လက်တော့ပ်တစ်ခုပေါ်တွင် ပြေးလွှားနေသောလက်ချောင်းသွယ်သွယ်တို့က သိပ်ကိုမြန်ဆန်လှသည် ။

သေချာသည်ထပ်ပိုသည့် Channie ရဲ့ယုံကြည်မှုကြောင့် Sehun မှာလဲ..သိချင်စိတ်များပြားလျက်။ တကယ်ပဲ Baekhyun တို့ကအသက်ရှင်နေခဲ့သေးတာလား..။

ထိုသို့အတွေများနေစဥ်....

"လေးငယ်..ဒီမှာတစ်ချက်ကြည့်ကြည့်"

Channie ခေါ်ပြသည့်အရာကိုလှမ်းကြည့်လိုက်သည်။ အစကတော့ဘာမှန်းသိပ်မသဲကွဲပေမဲ့..Screen ပေါ်တွင် Kai နဲ့ Sehun စကားပြောနေသည့်ပုံရိပ်ကိုမြင်လိုက်ရသည်။

သေချာသည်က Park အိမ်တော်ရှေ့မှာပင်ဖြစ်သည်။

Sehun နည်းတူအံသြစွာ အနားကပ်ကြည့်လာသော Kai ။

"ဒါကိုယ်တို့..ပြဿနာ ဖြစ်တဲ့ညမှတ်လား.."

"အင်း.."

"ဟုတ်တယ်လေးငယ်..ဒါလေးငယ်တို့ပြဿနာဖြစ်တဲ့နေ့က..ပုဲရိပျတဈခြို့ပဲ.."

"နေပါဦးကောင်လေး..မင်းလိုကလေးတစ်ယောက်ဆီမှာ..ဒါတွေကဘယ်လိုလုပ်ရှိနေတာလဲ..ပြီးတော့ဘယ်ကနေ..ဘယ်လို"

kai ရဲ့နားမလည်ခြင်းများစွာကိုမေးခွန်းထုတ်လေတော့..အပြုံးချိုချို နဲ့ထိုကောင်လေးက

"သားက အသက် 6နှစ်အရွယ်မှာတင် ကွန်ပျူတာကိုကောင်းကောင်းသုံးတတ်တယ်..သုံးတတ်တယ်ဆိုတာထက်တစ်ဖက်ကမ်းအထိရောက်အောင်..သုံးတတ်ခဲ့တယ်။ သားရဲ့အဖေက ဝန်ကြီးချုပ် ဆိုပေမဲ့..နောက်ကွယ်မှာ ဘယ်သူမှသေချာမသိနိုင်တဲ့လုပ်ငန်းကြီးတစ်ခုရှိတယ်..ကောင်းတဲ့လုပ်ငန်းတော့မဟုတ်ပေမဲ့..ဘယ်သူ့ကိုမှမလိုအပ်ပဲ ဒုက္ခ မပေးပါဘူး။ "

အခုချိန်ထိ Channie စကားကိုနားမလည်ကြသေးပေ။ ဒါကိုသဘောပေါက်တဲ့ Channie က သက်ပြင်းတစ်ချက်ချပြီး

"Daddy က အဖွဲ့စည်းတစ်ခု..ဖန်တီးထားရုံပဲ..အဲ့အဖွဲ့အစည်းထဲမှာသာမန်ထပ်သာလွန်တဲ့..စစ်သားမျိုးစုံရှိတယ်။ ပြောရရင်ကြေးစားလိုပဲ ။ ငယ်ငယ်ထဲက မိဘမဲ့ကလေးတွေ..ကိုပြုစုစောင့်ရှောက်ပြီးပျိုးထောင်ပေးခဲ့တယ်..တကယ့်ကိုသန်မာတဲ့လူသားတွေဖြစ်လာတဲ့အထိ ။ ကမ်းလှမ်းတဲ့တစ်ချို့တစ်ချို့သော အန္တရာယ်များ လှတဲ့Mission တွေဆို Daddy ရဲ့လူတွေနဲ့တင်ပြီးမြောက်အောင် လုပ်ပေးတယ် ။ဒါပေမဲ့ တန်ရာတန်ကြေးတော့ပေးရစမြဲပဲ.."

🍁Not for Me🍁(uni/zawgyi )(Completed) Where stories live. Discover now