Episode-22

372 25 2
                                    

Unicode
————/

အေးစက်သော ညအမှောင်ကြီးစိုးနေသည့်ဧည့်ခန်းတစ်ခုတွင် တဒင်ဒင် မြည်နေသော နာရီစဥ်ကြီးကို ကြည့်ကာ ရပ်နေသော အမျိုးသားတစ်ဦး၊ မြင့်မားသောအရပ် နက်မှောင်သော ဆံပင်တို့နှင့် ခန့်ညားစွာရပ်နေသော ထို အမျိုးသား။ မိမိ ၏ ဘေးတွင် ဆန့်ကျင်ဖက်သို့မျက်နှာမူကာ ရပ်လျက်ရှိသော အမျိုးသမီးကို မကြာခဏ ဆိုသလိုပင် လှမ်းလှမ်းကြည့်မိသည်။ ထိုအမျိုးသမီးက မူဧည့်ခန်းမကိုကျော်လွန်၍ ပြတင်းတံခါး ဆီမှ တဆင့် အဆောက်အဦးရဲ့အပြင်ဘက်သို့ ကြည့်နေခဲ့သည်။

အလင်းရောင်ဟူ၍ မှိန်ဖျော့ဖျော့သာ ထွန်းညှိထားဟန်ရှိသည့် မြို့စွန်နားက အဆောက်အဦးတစ်ခုတွင် သူမရှိနေခြင်းဖြစ်သည်။ အတော်အသင့်ကျယ်ဝန်းသော ခြံဝန်းထဲတွင် ထိုအဆောက်အဦးက ခိုင်မာစွာနေရာယူထားသည်။ ခြုံနွယ်ပိတ်ပေါင်း ထူထပ်စွာပေါက်ရောက်နေသော ထိုနေရာကို ကြည့်ခြင်းဖြင့် ဒီအဆောက်အအုံတွင် လူမနေသည်မှာ အတော်ပင် ကြာနေပြီဖြစ်
ကြောင်းသိနိုင်သည်။ လေပြေတစ်ချက်
တိုးဝေ့လိုက်တိုင်း လူတစ်ယောက်၏ဒူးအထက်ကျော်ကျော်အဓိရှည်လျားသော မြက်ပင်ရိုင်းတွေက ကနွဲ့ကလျ ယိမ်းထိုးနေကြသည်၊ ထိုအပြင် လေပြေအေးနှင့်အတူ ရောပြွန်ကာပါလာသော မြေသင်းနံ့တစ်ချို့ကလည်း ညစ်ထွေးနေသော စိတ်တို့ကိုအနည်းငယ်ပြေလျော့စေနိုင်သည်။ ပိန်းပိန်းပျောက်အောင် မဲမှောင်နေသော အထက်ကောင်းကင်ယံ၌ ယခင်ညများနှင့်မတူ တမူထူးကဲစွာ ထွန်းလင်းတောက်ပနေသည့် လမင်းကြီးက လောကတစ်ခွင်လုံးကို အလင်း
ရောင်ဖြာ ကျပေးလျက်ရှိနေပြန်သည်။

အပြင်တစ်နေရာထဲကိုသာ မမှုန်မသုံစိုက်ကြည့်နေသည့်သူမ။ လက်နှစ်ဖက်တို့ကိုလည်း တင်းကျပ်စွာ စုတ်ကိုင်ထားသည်။ ဤသည်က ပင်သူမ၏ ရင်ထဲ ၌ဖြစ်တည်နေသော ဖော်ပြဖို့ရာမတတ်နိုင်သည့် မြောက်များစွာသော နာကျည်းခြင်း ၊ မုန်တီးခြင်းတို့ကို အပြည့်အဝ မဟုတ်ပေမဲ့ အနည်းငယ် လောက်ဖြစ်ဖြစ် စိတ်သက်သာရာ ရစေသည်ထင်။

"ကလဲ့စား..ချေ.. မယ်.."

အခန်းအတွင်းအေးစက် ငြိမ်သက်နေသော လေထုကို သူမဘက်မှ စတင်၍ဖြိုခွင်းလိုက်သည်။ တစ်လုံး ခြင်းစီ ပီသ ပျက်သားစွာပြောလာတဲ့ သူမ စကားတို့က မည်မျှပင် မုန်းတီးနေကြောင်း သိသာစေသည်။ အံသြနပန်း ဖြစ်နေ
သော အမျိုးသားသည် ထိုစိတ်ပျက်ဖွယ်ကာစကားကို ကြားပြီးသည့်အဆုံး သည်းမခံနိုင်စွာဖြင့် သူမတစ်ကိုယ်လုံကို သူ့ဘက် သိုမျက်နှာခြင်းဆိုင်ဖြစ်စေရန် ဆွဲ လှည့်ပြစ်လိုက်သည်။

🍁Not for Me🍁(uni/zawgyi )(Completed) Onde histórias criam vida. Descubra agora