Episode-26

242 24 0
                                    

Unicode
————/

at home...,

"ရော့ ကိုယ့်ကလေးလေး..အရမ်းငိုလိုက်ရလို့ မောသွားပြီထင်တယ်..."

Baekhyun လက်ထဲကို ထည့်ပေးလာတဲ့ ရေခွက်လေး ။ဒီလိုဂရုတစိုက်နဲ့ ဆိုတော့ လဲကိုယ့်ယောကျ်ား ကိုယ်နောက်တစ်ကြိမ် ပြန်ကြွေရပြန်ပါသည် ။

Chanyeol ကမ်းပေးသော ရေခွက်ကိုလှမ်းယူလိုက်သည် ။

"ဆိုတော့ကား..အခုကိုယ်တို့တွေ ပြေလည်သွားပြီပေါ့နော်.."

"အွန်း.."

ရေကိုမော့သောက်နေရင်း ပြန်ဖြေလာသည်။

"အဲ့တာဆို ကိုယ်တို့ ဒီညကို မင်္ဂလာဦးည လုပ်ရအောင်.."

"ဖူး...အဟွတ်..အဟွတ်..ဘာရယ်"

ကိုယ့်စကားကိုအတော်လေး လန့်သွားဟန်ရှိသော ကလေးငယ်က ရေတွေပါ သီးကုန်သည် ။ရေသီးသွားသောကြောင့် မျက်နှာတစ်ခုလုံးနီရဲကာ..ရေတွေလဲ ပေပွလျက် ။ ဝတ်ထားတဲ့ အိင်္ကျီ အဝါလေးမှာလည်း..ရေတွေ ဆိုရွှဲကာ..ကပ်လျက်ရှိနေသည် ။

"ဖြေးဖြေး...ကလေး"

"ကိုကို..!! ခုနကမှ အဆင်ပြေ ကာစရှိသေးတယ်လေ..။ဘယ်နဲ့ စကားတွေ ပြောနေတာတုန်း.."

"ဘာလို့လဲ..ကိုယ့်ခင်ပွန်းလေးနဲ့ ကိုယ်မင်္ဂလာဦးချင်တာကို.."

"ကိုကိုနော်..."

"ကိုကိုနော်...ပြီးတော့ဘာဖြစ်လဲ..ဆက်ပြောလေ.."

"ကျွန်တော်တို့ ဟိုကိစ္စဖြေမရှင်းရသေးဘူးလေ.."

"အဲ့ကိစ္စလား..ဘာမှ စိတ်မပူနဲ့ မနက်ဖြန်ကျရင် luနဲ့... ကိုယ်အသိဆရာဝန်တစ်ယောက်လာလိမ့်မယ်။"

"အဲ..ဘာလာလုပ်မှာလဲ.."

"ဆေးစစ်ချက်လာပေးမှာ..ပြီးတော့ lu က တစ်ခြားတစ်ခုကိုယူလာပေးလိမ့်မယ်..."

"ဆေးစစ်ချက်..!? ပြီးတော့ တစ်ခြားတစ်ခု..?!ဘာတွေလဲ ဗျာ.."

"မနက်မှ ပေါ့..မနက်ကျရင် ကိုယ့်ကလေးလေး သိချင်တာတွေ ၊နားမလည်တာတွေ အကုန်လုံးသိစေရမယ် နားလည်သွားစေရမယ်..ကိုယ့်ကိုယုံ.."

"ကိုကို ဘာတွေ သိထားလို့လဲ ဟင်.."

"ကိုယ်လား...!?"

🍁Not for Me🍁(uni/zawgyi )(Completed) Where stories live. Discover now