Episode-27

291 24 3
                                    

Unicode
----/

"အကိုလေး...အကိုလေး..အကိုလေး.."

မနက်စောစောစီးစီး အိပ်ခန်းရှေ့မှာ တံခါးကို'တဒုန်းဒုန်း'ထုပြီး လာနှိုးနေတဲ့ Luhan ကြောင့် Chanyeol နိုးလာခဲ့သည် ။ ညက တော်တော်နှင့်အိပ်မပျော် ၊တစ်အိအိငိုရှိုက်နေသော ကလေးငယ်ကို ချော့မြှူရင်း အချိန်ကုန်နေခဲ့သည် ။ Baekhyun အိပ်ပျော်သွားသည့်အထိ Chanyeol မှာမအိပ်နိုင် ၊ငိုရလွန်းလို့ မောပြီးအိပ်ပျော်သွားရှာတဲ့ Baekhyun ကိုပဲ တစ်ညလုံးထိုင်ကြည့်နေမိခဲ့သည် ။ မိုးလင်းခါနီးလောက်မှ မှေးခနဲ အိပ်ပျော်သွားခြင်းဖြစ်သည်။

အခုတော့ အတွင်းရေးမှုး lu ကြောင့်အိပ်ရေးပျက်ရပြန်သည် ။

"အင်းး ...ကျစ် စောစောစီးစီးကွာ.."

အပြင်းကြောတစ်ချက် တစ်ချက်ဆန့်ရင်း..သန်းဝေမိတော့ နားပါးလွန်းတဲ့ luhan ကချက်ချင်းဆိုသလို..

"အကိုလေး..နိုးပြီလား"

"ပြော.."

"ကျွန်တော်..တို့ရောက်ပြီ အကိုလေး..၊ အကိုလေးမှာထားခဲ့ ဟာတွေ လည်းအကုန်ပါတယ်"

"ဧည့်ခန်းမှာစောင့်နေ..ရေချိုးပြီးဆင်းခဲ့မယ်"

"ဟုတ်.."

Luhan အခန်းရှေ့ကထွက်သွားတာသေချာ
တော့မှ ကိုယ့်ရင်ခွင်ထဲမှာနစ်မြုပ်နေသည့် Baekhyun ကိုနိုးရတော့သည်။

"babe..ကလေး..ထတော့လေ luhanတို့တောင်ရောက်နေပြီ.."

"အွမ်းးး..ကိုကို..."

"ဟော..ထပါဆို..ဘယ်နဲ့ ကိုကိုဆိုပြီး ပြန်အိပ်သွားတာတုန်း..၊"

"...😴😴"

"babe..ထတော့လို့..၊ပြီးမှပြန်အိပ် ကြားလား.."

"ကိုကို..ကလည်း ခဏလေးပဲလေ.."

"မရဘူး..အရင်ထ..ပြီးမှဆက်အိပ်ပြောမရဘူးလား...အာ့ဆိုကိုယ်..နမ်းမှာနော်.."

ဘယ်လိုပင် ချိန်းခြောက်နေပါသော်လည်း..ပြန်ဖြေဖော်ပင်မရ ၊

CY pov: ဟ..တကယ်ကြီး..ပြန်အိပ်သွားတာလား..

"babeတကယ် မထဘူးနော်..အေး..ကောင်းပြီလေ Park Chanyeol တို့တော့ စားရကံကြုံလို့မုတ်ဆတ်ပြားဆွဲတာပဲဟေ့..."

🍁Not for Me🍁(uni/zawgyi )(Completed) Where stories live. Discover now