Episode -17

293 27 8
                                    

Unicode
————/

"အဲ့တော့ အခု အတွင်းရေးမှူး lu ပြောချင်တာက
ဒီတစ်ခေါက် Case ကကိုယ့်အတွက်ဆုံးရှုံးမှုမရှိတဲ့အပြင် အမြတ်ပါ ရနိုင်တယ်ဆိုတဲ့သဘောမျိုးလား"

"ဟုတ်ပါတယ်အကိုလေး အစကတော့ ကျွန်တော်လည်းတော်တော်လေး ပြာသွားတာဗျ။ ကျွန်တော်ဟိုကို ရောက်တော့ ပြိုကျပျက်ဆီးနေတဲ့ အုတ်ကျိုးအုတ်ပဲ့တောင်ပုံလိုကြီးဖြစ်နေတာ။ ကယ်ဆယ်ရေးဝန်ထမ်းတွေ ရောက်လာပြီးနေ့ညမအား ကူညီကြပေမဲ့ တစ်ချို့သော အလုပ်သမားတွေရဲ့အသက်ကိုတော့မကယ်တင်နိုင်ခဲ့ဘူး။ သေဆုံးသူ ဝန်ထမ်းအရေအတွက်ကို သေချာစီစစ်ကြည့်တော့ 50 နီးပါးလောက်ရှိတယ်။ဒါတောင်ထိခိုက် မိလို့အရေးပေါ်ခန်းထဲရောက်နေတဲ့ ဝန်ထမ်းတွေမပါသေးဘူး။ ဝန်ထမ်းတစ်ဦးစီရဲ့ အသက်အာမခံလျော်ကြေးငွေတွေရယ်၊ ပျက်ဆီးသွားတဲ့ ဆောက်လက်ဆ အဆောက်အဦးရဲ့တန်ဖိုးတွေရယ် အားလုံးပေါင်းပြီးပျမ်းမျှ တွက်ကြည့်တာတောင် သိန်းထောင်နဲ့ ချီပြီး ကုန်မှာ။ ဒါတောင်တခြားCase အတွက် ကုန်ကျငွေတွေမပါသေးဘူး"

"ဒီအတိုင်းတာဆိုရင် ရှိသမျှ စည်းစိမ်တွေအမွေတွေအကုန်ရောင်းပြီးပေးရင်တောင် ဖြေးရှင်းလို့ရ မှာမဟုတ်ဘူး။ရခဲ့ရင်တောင် နာမည်ပျက်ကြီးက ကျန်ခဲ့တော့မှာ။ "

"ဟုတ်တယ်အကိုလေးရေ..ဒါပေမဲ့ကံတရားက အကိုလေးဘက်မှာပဲ ရှိနေသေးတာလားတော့မသိဘူး ကျွန်တော်အဲ့လူနဲ့တွေ့ခဲ့တာ"

"သူက ဘယ်လို လုပ် ကိုယ့်မြေမှာ ရေနံကြောရှိတာကိုသိနေတာလဲ"

"သူက သိတာ ကြာပြီတဲ့ ဒါပေမဲ့ နယ်ခံတွေကို စည်းရုံးဖို့ရယ် သူ့ရဲ့ project အတွက် လိုအပ်တာတွေ ပြင်ဆင်နေတုန်း ကျွန်တော်တို့ဘက်က လက်ဦးသွားလို့တဲ့။ ပြီးတော့ သူကပြောသေးတယ် အခုဖြစ်တဲ့ Case မှာ ကုန်ကျစရိတ်အားလုံးရဲ့ 50% ကို သူ့ဘက်က ပေးမယ်တဲ့။ ကျန်တာတော့ ကျွန်တော်တို့ဘက်က ဆက်လုပ်ရမှာပါ။ နောက်လ အတွင်း သူ ဆိုလ်း ကိုလာဖို့ရှိတယ်။ အဲ့တာ အကိုလေးနဲ့ သေချာလေးတိုင်ပင်ချင်ပါတယ်တဲ့။"

"ဒီလို ရှားရှားပါးပါး အခွင့်ရေးကြီးကိုတော့လက်လွတ်မခံ သင့်မှန်းသိပါတယ်။ ဒါပေမဲ့ သူ့ဘက်ကအရမ်းများရက်ရောနေသလာလို့ "

🍁Not for Me🍁(uni/zawgyi )(Completed) Where stories live. Discover now