Epidode-19

303 31 7
                                    

Unicode
————/

🍀အရမ်းချစ်နေရင်တောင် ရင်ထဲမှာပဲ သိမ်းထားခြင်းက တစ်ခါတစ်လေမှာ ပိုကောင်းပါတယ် ။🍀

ဒီနေ့လည်းထပ်ရောက်လာပြန်သည်။ Kim Joung In။ KaungSoo နဲ့နှစ်ယောက်ထဲ စကားပြောချင်လို့ပါဆိုပြီး ခေါ်ထုတ်သွားတဲ့နေ့။အဲ့နေ့က စပြီး နေ့တိုင်းလိုလို Kim Joung In တွေ့ရတတ်သည်။ တစ်ခါတစ်လေ Baekhyun တို့ဆိုင်မှာ၊ တစ်ခါတစ်လေ ကျောင်းရှေ့မှာ၊ပိုဆိုးသည်က ညနေတိုင်းနီးပါ KaungSoo ကို လာလာခေါ်ထုတ်သွားတတ်သည်။ ဘယ်သွားမည်၊ ဘာအကြောင်းကြောင့်သွားကြသည်ကို မေးကြည့်ရင်လည်း သေချာရေရာသည့် အဖြေတစ်ခါမှ မရပေ။

"KaungSoo..."

ကန်တင်းမှာ ရှိနေခြင်းဖြစ်သည်။ အစားကိုသာ အာရုံစိုက်ပြီးစားနေသော KaungSoo ကို Baekhyun ခေါ်လိုက်ခြင်းဖြစ်သည်။

"ဘာလဲ"

Baekhyun ကိုမော့ပင်ကြည့်မလာပဲ ပြန်ဖြေသည်။ တခြားသူဆိုရင်တော့ KaungSoo ရဲ့ဤအပြုမူက သိပ်ကြည့်ရဆိုးနေလိမ့်မည်။ သို့သော် Baekhyun တို့အတွက် ပုံမှန်လိုဖြစ်နေသည်။ ထို့ကြောင့်ထွေထွေ ထူးထူး မပြောဖြစ်။ ကိုယ်ပြောတာ သူနားထောင်နေတယ်ဆိုတဲ့ အာရုံစိုက်မှု တစ်ခု ရ ရင်ပဲ ဖြစ်သည်။ ထို့ကြောင့်လည်း Baekhyun အရမ်းအရမ်းကိုမှ သိချင်နေသော မေးခွန်းကိုမေးချလိုက်သည်။

"မင်း..မဟုတ်မှလွဲရော kai hyung နဲ့ date နေတာလား"

တူကိုင်ထားသော KaungSoo ရဲ့လက်တွေ တိခနဲရပ်သွားသည်။ တူကိုချကာ တစ်ရှူးတစ်ရွက်ကိုယူပြီး နှုတ်ခမ်းကိုသုပ်လိုက်သည်။ ပြီးမှ Baekhyun ကို ကြည့်ပြီး

"ဘာလို့လဲ.."

"ဘာလို့ရမှာပဲ မင်းပဲ စဥ်းစားကြည့်လေ မနက်မနက်ဆိုလည်း ကျောင်းရှေ့ရောက်ရောက်နေတယ်၊ ညနေဆိုလည်း နောက်တစ်ခါထပ်လာပြန်ရော ပြီးရင် မင်းနဲ့အတူတူ ခဏဆိုပြီး ထွက်ထွက်သွားကြတာ ။ နောက်ဆုံး သူပဲ အိမ်ပြန်လိုက်ပို့တာမှတ်လား။"

အချက်ကျကျ Baekhyun ရဲ့မေးခွန်းတွေကို သေချာနားထောင်နေသည်။ကြားဖြတ်ပြောချင်းမရှိ။ ငြင်းဆိုခြင်းမရှိ။ Baekhyun မေးခွန်းအဆုံးသတ်သွားတော့မှ KaungSoo ဆီက ထွက်လာသော စကားက

🍁Not for Me🍁(uni/zawgyi )(Completed) Where stories live. Discover now