Episode-25

265 29 8
                                    

Unicode:

တီ~တီ~တီ~

"Hello..."

သုံးကြိမ် မြောက် ph သံလေး မြည်ပြီးသည့်နောက်မှာ ကြားလိုက်ရသည့် ကိုယ့်ကလေးငယ်ရဲ့ အသံ ချိုချိုလေး ကြောင့် အလိုလို ပြုံးမိသည်။

Ph ကိုင်တာ မြန်ပုံကြည့်ရင် ကိုယ့်ကလေးငယ်လည်း ကိုယ့်လိုပဲ ဒီညအတွက် Dateလေးကိုအများကြီးစောင့်မျှော်နေ သည်လားမသိ ။ထိုသို့ အတွေးဝင်မိရုံပင်ရှိသေး မဆီမဆိုင် အခုန်မြန်လာတဲ့ ကိုယ့်ရဲ့နှလုံးခုန်သံတွေကြောင့် ဘေးနားမှာရပ်နေတဲ့ အတွင်းရေးမှူး lu ကိုမသိမသာ လှမ်းကြည့်ရသေး သည်။ ကြားများ ကြားသွားလေ မလားဟု စိုးရိမ်တကြီး ကြည့်မိပေမဲ့ ရုံးဆင်းဖို့ သူအလုပ်နဲ့သူရှုပ် နေသော အတွင်း
ရေးမှုး lu ကြောင့် သက်ပြင်းဖွဖွလေး ချမိသည်။

ကိုယ်လည်း မင်းနဲ့ တွေ့မှ မလုပ်ဖူးတာတွေလည်း လုပ်နေမိပြီ ကလေးငယ် ။

"ကလေး အဆင်သင့်ဖြစ်ပြီလား..ကိုယ်အခု ထွက်လာနေပြီ နော်.."

"ဟုတ်..ကျွန်တော်စောင့်နေမယ်.."

Chanyeol နဲ့ ph ပြောပြီးသည့်နောက် ဧည့်ခန်းထဲမှာပဲ ထိုင် စောင့်နေလိုက်သည် ။ ဒီည အတွက် ရင်ခုန်တာလည်းပါပေမဲ့ မဖြစ်မနေ ဝန်ခံစရာလည်း ရှိသေးတယ် မှတ်လား..။

ကိုကို က ကျွန်တော့်ကို တစ်ခါမှ ချစ်တယ်လို့ မပြောဖူးပေမဲ့ ။ ကိုကို့ရဲ့ အပြုအမူတွေကိုကြည့်ပြီး ကိုကို့ရင်ထဲ မှာ ကျွန်တော့အတွက် သီးသန့်နေရာလေး တစ်ခု ရှိနေလိမ့်မယ် ဆိုတာကျွန်တော်ယုံသည် ။

အဲ့တာကြောင့် လည်း ကျွန်တော် ကို့ကို့ နောက်ကွယ်မှာ ဖြစ်ပျက်ခဲ့သမျှတွေ ကိုဝန်ချတောင်းပန်ပြီး ၊ အခု ပြဿနာကိုအကောင်းဆုံးဖြေရှင်းမယ် ။ ပြီးရင်..ကိုကို မပြောရင်တောင်..
ကျွန်တော့် ဘက်က ပြောရလိမ့်မယ်။

ကျွန်တော် ကိုကို့ကို ဘယ်လောက်ထိ ချစ်နေမိပြီဆိုတာ။

Baekhyun ကိုယ့်အတွေးနဲ့ကိုယ်.. ငေးငိုင်နေတုန်း..လှေးကားပေါ်မှာ ဆင်းလာသော ခြေသံ တစ်ချို့ ကို ကြားလိုက်ရသည်။ အသံကြားရာကို လှည့်ကြည့်မိတော့...

🍁Not for Me🍁(uni/zawgyi )(Completed) Where stories live. Discover now