အခန်း-၁(ဆုံးရှုံးသွားတဲ့အခွင့်အလမ်းကိုပြန်တွေးခြင်း)
403 49 6
Zawgyi
          မည်းမှောင်ညို့နေတဲ့တိမ်စိုင်တိမ်ခဲကြီးတွေက ဝဲကတော့ကြီးသဖွယ်ဖြစ်ကာ ဗဟိုချက်မအလယ်တွင် မည်းခဲနေပြီးမြို့တော်ကြီးရဲ့အပေါ်မှာထူထပ်စွာစုပုံနေလေသည်။ကောင်းကင်ယံတွင် လျှပ်စီးကြောင်းများကမီးရှူးမီးပန်းများဖောက်လိုက်သည့်အလား ပြိုးခနဲပြက်ခနဲလင်းလျက် တလိမ့်လိမ့်နှင့်မိုးခြိန်းသံများကလည်း ကျယ်လောင်စွာပဲ့တင်ထပ်နေသည်။
       ထိုအချိန်တွင် လူငယ်တစ်ချို့က စုဝေးထိုင်လျက်အဓိပ္ပါယ်မရှိစွာ စကားများကိုကျယ်ကျယ်လောင်လောင်အော်ဟစ်ပြောဆိုနေကြလေသည်။
"ငါ့အခန်းဖော်လင်ရှူးအကြောင်းကိုပြောရဦးမယ်..!"
မပြောခင် ထိုလူငယ်လေးက ဟွန့် ခနဲတစ်ချက်လှောင်ရယ်ဟန်ပြုပြီးမှ
"သူကကွာ နေမကောင်းဖြစ်နေတဲ့လူလိုပဲသိလား...ငါဖြင့် သူစကားတစ်ခွန်းပြောတာတောင်ခုထိမတွေ့ဖူးသေးဘူး..!"
      ထိုလူငယ်လေးရဲ့ဘေးနားမှာထိုင်နေတဲ့နောက်လူငယ်ကလဲ စည်ဘီယာဘူးကိုဖောက်ခနဲနေအောင်ဖွင့်လိုက်ပြီး ထောက်ခံလာသည်။
"သူ့ကိုဆွံအနားမကြားဖြစ်နေလားလို့ပြောပြန်ရင်လဲမြှောက်ပင့်ရာကျသွားဦးမယ်..တကယ်ပါပဲသူကလုံးဝကိုအမူအရာမဲ့နေတာ"
"တခြားနေရာတစ်ခုကိုသာမြန်မြန်ရှာပြီးနေဖို့လုပ်တော့..!ငါတကယ်ဒီကောင့်အခွက်ကိုမမြင်ချင်တော့ဘူး..လေးပဲ!!"
       အုန်းခနဲကျယ်လောင်စွာခြိန်းလိုက်တဲ့မိုးခြိန်းသံကြီးက နားကွဲလုမတတ်ပဲ့တင်ထပ်လျက်။ထိုကဲ့သို့နားပင်းလုမတတ်ကျယ်လောင်တဲ့အသံတွေကြားမှ မိုးစက်မိုးပေါက်များက တဟုန်ထိုးသည်းထန်စွာရွာသွန်းလာလေသည်။
        သူတို့တွေအကုန်လုံးတိုင်ပင်ထားသကဲ့သို့ပြတင်းပေါက်ကိုပြိုင်တူလှည့်ကြည့်လိုက်ကြလေသည်။
"သောက်ရမ်းကိုကျယ်တာဟ..!"
       မကျေမနပ်ဖြစ်သွားတဲ့လူငယ်လေးက အပေါ်မော့ပြီးကောင်းကင်ကိုလှမ်းကြည့်လိုက်သည်။ထိုလူငယ်လေးသည်ရုတ်တရက်စကားမပြောနိုင်ပဲကြက်သေသေသွားပြီး သူမျက်လုံးတွေကလဲပြူးကျယ်ဝိုင်းစက်သွားလေသည်။