အခန်း-၅(ကိုယ့်လမ်းကိုယ်သွားကြမယ်/ကိုယ့်လမ်းကိုယ်သွားကြမယ်)
161 33 3
       လင်းဖန်းရှောင်သည် ရွာသူရွာသားတွေအား နျင်းအန်းအထိခေါ်သွားရန်ညွှန်ကြားပေးပြီးနောက်မှာ ကိုယ်ဖော့စွမ်းရည်သုံး၍လွှားခနဲခုန်ပျံကာထွက်ခွာသွားလေသည်။သူမရဲ့အနီရောင်ဝတ်ရုံဟာလေထဲတွင်တလွင့်လွင့်ဖြာ၍ လူအားလုံးရဲ့မြင်ကွင်းကနေပျောက်ကွယ်သွားလေသည်။
       အကြောင်းမလှစွာနဲ့ ထိုသခင်မလေးဆိုသူရဲ့စိတ်နေစိတ်ထားဟာ သူတို့ထင်ထားတာထက်ပို၍ သွေးဆူဒေါသထွက်လွယ်နေပြီး သူတို့နဲ့အတူတူ လမ်းလျှောက်သွားဖို့တောင်စိတ်ရှည်ချင်ပုံမရချေ။
           "သခင်မလေး မင်ကျိုးမြို့တော်ကိုသေချာရောက်လာပြီးကာမှ ဒီလိုရလဒ်မျိုးနဲ့ကြုံရလိမ့်မယ်လို့ သူဘယ်ထင်ပါ့မလဲ!" လို့လင်းပေါင်ချမ်းကပြောသည်။
      "ဒီနေ့ပြီးရင်တော့ သခင်မလေးနောက်အမျိုးသားတစ်ယောက်နဲ့လက်ထက်မယ်ဆိုရင်တောင် အကောင်းဆုံးသတို့သားကိုလက်ထက်နိုင်တော့မှာမဟုတ်ဘူး"လို့လင်းပေါင်ကျင်းကဝင်ပြောပြန်သည်။
       ဟွန့် ခနဲအေးစက်စက်နှာခေါင်းရှုံ့လိုက်တဲ့ လင်းပေါင်ချင်းက
       "ဒါဆို အဲ့ဆန်ကုန်မြေလေးက အစမှာထဲက အသုံးမကျဖြစ်သွားတာပဲ! တာ့ယွမ်ကျွင်းအတွက် ဘာအကျိုးမှမရှိတော့ဘူးပေါ့?ငါမေးပါအုံးမယ် ဒီလိုလူမျိုး ကျင့်ကြံရေးလောကမှာ ရှိတယ်လို့ကြားခဲ့ဖူးကြလို့လား?နာမည်တောင်သေချာမကြားဖူးတဲ့လူတစ်ယောက်ထပ်မပိုတဲ့လူဆီက တော်ပြီးတတ်တဲ့ပညာသင်တပည့်ထွက်လာနိုင်မယ်ထင်လို့လား?"
        လင်းပေါင်ချမ်းကသက်ပြင်းချလိုက်ပြီး
       "ငါတို့ဆရာက သခင်မလေးအတွက်စီစဉ်ပေးခဲ့တဲ့ လူကတကယ်ပဲမဆိုးနိုင်ပါဘူး..တာ့ယွမ်ကျွင်းဆိုတဲ့နာမည်ကအတော်လေးလဲပညာရှိဆန်တယ်..သူကိုယ်သူထိန်းသိမ်းနိုင်ပြီး ကြီးကျယ်တဲ့စွမ်းရည်တွေနဲ့ သိုသိုသိပ်သိပ်နေတဲ့ သူတော်စင်တပါးဖြစ်နိုင်တယ်..ကံဆိုးသွားတာက
ပုန်ကန်မှု့ကြီးက တော်တော်လေးကျယ်ပြန့်သွားတဲ့အပြင်လူတော်တော်များကိုလဲထိခိုက်သွားစေခဲ့လို့ ကြီးမြတ်တဲ့အစွမ်းအစရှိတဲ့သူတော်စင်တွေတောင် သီးသန့်မနေရတော့ပဲ သူတို့ရဲ့တရားအားထုတ်မှု့တွေနဲ့ဝေးကွာကုန်ကြတာပဲဖြစ်မယ် မဟုတ်ရင် တာ့ယွမ်ကျွင်းကမသေသေးဘူးဆို ဒီဆယ်နှစ်အတွင်းသူ့သတင်းအစအနတောင်မကြားရပဲနေပါ့မလား?