အခန်း-၄(ဒီကံတရားကိုသာလက်ခံလိုက်ပါတော့မိန်းကလေး)
157 33 13
Zawgyi
ကံကောင်းထောက်မစွာနဲ့ဒီလိုတိတ်ဆိတ်မှောင်မိုက်နေတဲ့တောရိုင်းတောင်တန်းများရဲ့ညချမ်းအလယ်မှာ လင်ရှူးတစ်ယောက်ရေရှာဖို့အတွက်အမှန်တကယ်မလိုအပ်တော့ပေ။လင်းပေါင်ချမ်းကပြုံးလျက်လက်နှစ်ဖက်နှင့်အစီရင်တည်လိုက်လေသည်။နောက်တစ်ခဏတွင် လင်ရှူးရဲ့ဦးခေါင်းထက်မှာ အဖြူရောင်အလင်းလုံးလေးပေါ်လာခဲ့လေသည်။
     ဆေးကြောသန့်စင်ဖို့အတွက်သုံးလေ့သုံးထရှိတဲ့သန့်စင်ခြင်းမန္တန်!
လင်ရှူးတစ်ကိုယ်လုံးရှိအရေပြားများဟာတခဏတာမျှပူလောင်စပ်ဖျဉ်းတဲ့နာကျင်မှု့မျိုးကိုခံစားလိုက်ရသည်။အစီအရင်ကဆယ့်ငါးမိနစ်ခန့်ကြာပြီး အဆုံးသတ်မှာတော့ လင်ရှူးတစ်ယောက် စိတ်စွမ်းအင်ရဲ့ကျေးဇူးကြောင့်လုံးလုံးလျားလျားသန့်စင်သွားလေသည်။အသက်ရှူရတာတောင်အရင်ကထက်ပိုလွယ်လာပြီးပို၍လည်းပေါ့ပါးသွက်လက်လာသည်လို့တောင်ခံစားရလေသည်။
"ဘုရားရေ..!"
လင်းပေါင်ချမ်းက လှစ်ခနဲပြုံးလိုက်ရင်း
"မင်းဟာတကယ်ကိုခန့်ညားချောမောတာပဲ အပေအတေကောင်လေးရဲ့"
လင်းပေါင်ချင်းအပါအဝင်တခြားသူများကပါ လင်ရှူးရဲ့သန့်စင်ဆေးကြောပြီးနောက် ဘယ်လိုချောမောလှပတဲ့မျက်နှာထားမျိုးပေါ်ထွက်လာသလဲဆိုတာ ကြည့်ရှူ့စစ်ဆေးရန်အလို့ငှာအားလုံးကသမင်လည်ပြန်ကြည့်လာကြလေသည်။လင်ရှူးကိုမြင်ပြီးတဲ့နောက်မှာ သူမတို့အားလုံးခိုးခိုးခစ်ခစ်နဲ့ပြိုင်တူထ၍ရယ်မောကြလေသည်။
       "ဒီလူကတကယ်ထူးဆန်းတဲ့လူပေပဲ!လူဆိုးလူမိုက်လဲမဟုတ် ရုပ်ဆိုးနေတာလဲမဟုတ်ဘဲနဲ့ သူ့ကိုယ်သူရွံ့လူးထားလို့ပေကျံနေတဲ့ခွေးတစ်ကောင်လို့ ပြုမူနေထိုင်နေတာပဲ!"
      လင်ရှူးဟာသူမတို့တွေရဲ့အကြည့်အောက်မှာအသက်ရှူများပင်ကြပ်သယောင်ဖြစ်လာကာ သူအခုထိညစ်ပတ်ပေရေနေဆဲလို့တောင်ထင်မိသွားသည်။
     သခင်မလေးက သူတို့ထံကြည့်လာကာအဆုံးတွင်တော့
    "ဟွန့်..."မနှစ်မြို့ဟန်ဖြင့်နှာခေါင်းရှုံ့ပစ်လိုက်လေသည်။