အခန်း-၃(သန်းခေါင်ယံညရဲ့အလှတရား/သန်းခေါင်ယံညရဲ့အလှတရား)
144 43 5
Zawgyi
      လင်းပေါင်ချင်းသည်နောက်လှည့်၍သူမအဖော်တွေကိုနှစ်သိမ့်ပေးလေသည်။လီကျီမောဝ်နှင့်လီယမောဝ်တို့နှစ်ယောက်မှာ သူမတို့အားနှစ်သိမ့်ပေးချင်ပါသော်လည်း ထိုသို့လုပ်ခွင့်မရှိချေ။နှစ်သိမ့်ပေးနေပေမဲ့ ဆန်ကျင့်ဘက်အနေနှင့် ငိုသံကြီးတွေနဲ့ထပ်၍အော်ကြပြန်လေသည်။
"ငါတို့သခင်မလေးဘေးဒုက္ခတွေမကြုံပါစေနဲ့!!"
လင်ရှူးနဲ့အဖိုးအိုကျိုးတို့နှစ်ယောက်ဟာ သစ်ပင်ကိုတစ်ဖက်စီမှီနေရင်း သူတို့ရွာကြီးဆယ်နှစ်တိုင်တိုင်ပိတ်မိနေသည့်အကြောင်းကိုစဉ်းစားနေမိသည်။သူတို့ကိုကြည့်ရသည်မှာ ပြိုတော့မည်မိုးလို ဝမ်းနည်းမျက်ရည်တွေဖြိုင်ဖြိုင်ကျလာတော့မည့်အတိုင်းပင်။အဖိုးအိုကျိုးမှာရှိုက်ကြီးတငင်ငိုကြွေးနေကြသူများထံမှသောကအပူမီးကူးစက်ခံရသည့်ထင် သက်ပြင်းမောတို့ကိုမှုတ်ထုတ်ရင်း စိတ်မသက်မသာဖြစ်နေသည်။သူလည်းပဲ ဘာထူးမည်နည်း ထိုသူများကဲသို့ တော်တော်လေး စိတ်ထိခိုက်ပြီးပူပင်သောကရောက်နေရလေသည်။
ထိုအချိန်ဟာ လင်ရှူးအတွက်တော့ အသုဘအခမ်းအနားတစ်ခုရဲ့အလယ်ခေါင်တည့်တည့်ကိုပစ်ချခံလိုက်ရသည်နှင့်တူသည်။ဘာအသံမှမထွက်ပဲတိတ်တိတ်ကလေးသာရပ်နေရင်းသူတို့နဲ့အတူလိုက်ခံစားပေးနေရလေသည်။သူခေါင်းထဲပေါ်လာသည့်အကြောင်းအရာကိုစီလျော်အောင်စာပြန်စီပြီးချိန်မှာတော့ လင်းပေါင်ချင်းကိုပဲတည့်တည့်မေးလိုက်၏။
"ဒီလိုဘယ်လိုလုပ်ပြီးရောက်လာခဲ့တာလဲ?!"
လင်းပေါင်ချင်းဟာ မျက်ရည်စများကိုသုတ်ပြီးမှလင်ရှူးထံသို့တစ်ချက်ဝေ့ကြည့်လိုက်သည်။အခုလက်ရှိမှာ လင်ရှူးရဲ့ပုံစံသွင်ပြင်က တကယ်ကိုနှိမ်ချလိုစိတ်ရှိမနေတာကြောင့် လင်းပေါင်ချင်းရဲ့အပြုအမူတွေကလဲ လီကျိမောဝ်နဲ့လီယမောဝ်တို့ကိုယဉ်ကျေးစွာဆက်ဆံသလိုမျိုးတော့ သူကို့ဆက်ဆံမှာမဟုတ်တာသေချာနေသည်။လင်းပေါင်ချင်းက နှာခေါင်းရှုံ့ပြီ အသံပြတ်နဲ့ပြန်ဖြေလေသည်။
"ဘယ်လိုလာရမှာလဲ လမ်းလျှောက်ဝင်လာတာပေါ့!"
"ကျွန်တော်ပြောချင်တဲ့သဘောက အဲ့လိုမှမဟုတ်ပဲ!"