အခန်း(၇.၂)ရှန်းလင်းအိမ်မက်ကွန်ယက်
134 25 6
Zawgyi
မှန်၏..၎င်းတို့အား ရုပ်ပိုင်းဆိုင်ရာစွမ်းရည်ကိုသေချာစွာစစ်ဆေးရန်မလိုအပ်ပေ။အဘယ်ကြောင့်ဆိုသော်  သူတို့ဘယ်လိုပဲစွမ်းအင်အမှတ်ပုံစံတွေကိုကျက်ထားသည်ဖြစ်စေ၊ဘယ်လောက်ပဲချီစွမ်းအင်လှည့်လည်ပုံကိုကျက်ထားသည်ဖြစ်စေ သူတို့ရဲ့အတွင်းအားစီးဆင်းမှု့တွေက နှေးကွေးနေ၍ ခန္ဓာကိုယ်တစ်လျှောက်လုံးဆီကိုချီစွမ်းအင်လှည့်ပတ်စီးဆင်းစေဖို့ကမဖြစ်နိုင်ပေ။ရှန်းလင်းအိမ်မက်ကွန်ယက်က စိတ်ကူးယဉ်ဆန်လွန်းပြီး အိမ်မက်ကွန်ယက်ထဲကိုရောက်သွားသည်နှင့် သဘာဝကျကျဘယ်နည်းလမ်းကိုမှအခြေမြစ်ရှိစွာသုံးနိုင်လိမ့်မည်မဟုတ်ပေ။
ဆိုလိုတာက သူအိမ်မက်ကွန်ယက်ထဲမှာရှိနေစဉ် သူ့ခန္ဓာမှာမည်သည့်ကန့်သတ်ချက်မှရှိမနေတာကိုဆိုလိုခြင်းပင်ဖြစ်သည်။တခြားလူများအတွက် သူတို့ရဲ့ပင်ကိုယ်အတွင်းအားကိုစီးဆင်းနိုင်ဖို့မဖြစ်နိုင်ခဲ့လျှင် ဘယ်လိုနည်းဗျူဟာမျိုးနဲ့မှပထမစမ်းသပ်ချက်ကိုအောင်မြင်နိုင်ခွင့်ပြုမှာမဟုတ်ပေ။
      သို့ပေမဲ့ အရင်ဘဝကသူ့ခန္ဓာကိုယ်ရဲ့သွေးကြောတွေက ဖော်ပြခြင်းငှာမစွမ်းသာသည့် "အတားအစီးမရှိခြင်း" နှင့် "ရှင်းလင်းခြင်း"ဆိုတာတွေကရှိနှင့်ပြီးသားဖြစ်လေသည်။သူသည် နေ့ရောညပါ ဘယ်နှစ်ကြိမ်မှန်းမသိ သူ့ရဲ့ချီစွမ်းအင်တွေကို စွမ်းအင်အမှတ်၇၂၀ စီသို့ အားနှင့်အင်နှင့်လျင်မြန်စွာဖြတ်သန်းသွားစေရန် သို့တည်းမဟုတ် ချောချောမွေ့မွေ့နှင့်လျောလျောရှူရှူစီးဆင်းသွားစေရန် သူ့ခန္ဓာကိုယ်ကိုခိုင်းစေနေခဲ့ရသည်။သူ့ခန္ဓာကိုယ်အတွင်း ချီစွမ်းအင်တွေကိုလမ်းကြောင်းအတိုင်းဘယ်လိုလှည့်ပတ်ရမလဲဆိုတာသူနှင့်ရင်းနှီးပြီးသားမို့သူ့အတွက်တော့ပထမစမ်းသပ်ချက်က ရေအေးအေးလေးတစ်ခွက်သောက်ရသည့်အလားလွယ်ကူအေးဆေးနေပါသည်။
      သို့ပေသိ ဒုတတိယစမ်းသပ်ချက်ကတော့ သူ့ကိုမွန်းကြပ်သွားစေလေသည်။ပုံမှန်အတိုင်းနေ့စဉ်သုံးစကားပြောတဲ့အပိုင်းမှာတောင် ပြဿနာတက်နေတဲ့သူ့အတွက် တာအိုတစ်ယောက်နဲ့ ဆွေးနွေးရတာက မဖြစ်နိုင်တဲ့စိတ်ကူးယဉ်အိမ်မက်လိုပဲသူ့အတွက်ကြောက်စရာကောင်းနေလေသည်။ပိုင်ရှောင်ရှန်းရဲ့ပြောပြချက်အရဆို သူ့အရင်ဘဝရဲ့အခြေခံအတိုင်းသာဆိုရင် ရှန်းလင်းပညာသင်ကျောင်းကိုဝင်ခွင့်ရဖို့ကသူ့အတွက်ခက်ခဲသည့်ကိစ္စမဟုတ်ပေ။တိုတိုပြောရရင် ဆေးတွေကိုသန့်စင်ဖို့လူလိုရင်သူ့အတွက် ရှန်းလင်းကိုတိုက်ရိုက်တောင်ဝင်ခွင့်ရဖို့အထိအဆင်ပြေသွားနိုင်သည်။