Part 1

10.3K 321 3
                                    

ကားဟွန်းတီး သံတွေ လူတွေ စကားပြောသံတွေ ပြေးဆော့ နေကြတဲ့ ခလေး အသံတွေ ကြားမှာ ငူငူငိုင်ငိုင်နဲ့ တစ်လှမ်းချင်း လျှောက်ရင်း ကျမ ပတ်ဝန်းကျင် ကို သေချာမမြင်ရတော့တာ သေချာပါတယ် ဘာလို့ဆို ကျမ မျက်လုံး မှာ မျက်ရည်တွေ ရစ်သီ နေလို့ပဲ ဟက် ကျမ စိတ်ထဲ က မပါပဲ တစ်ချက်လောက်ရယ် လိုက်မိတယ် လူတွေ အသည်းကွဲရင် ဒီလိုပါပဲ လား ဆိုတဲ့ အတွေးဝင်မိသွားတယ်ထင်ပါ့ တစ်စက် တစ်စက် ကျနေတဲ့ မျက်ရည်တွေကို လျစ်လျှူရှု ရင်း ကျမ ဆက်လျှောက်နေမိတယ်

"အစ်မ အစ်မ ဘေးကို ဘေးကို"
ကျစ် ဒီအစ်မ ကြားပုံလည်း မပေါ် တိုက်မိတော့မှာပဲ အရှိန်ကလည်း များနေတော့ အရှိန်လျော့ ဖို့က မဖြစ်နိုင်တော့ဘူး

ကျမ ထင်တဲ့ အတိုင်းပဲ အခုတော့ တိုက်မိပြီ

အား ဆိုတဲ့ အသံ အဲ့ အစ်မ ဆီ က ထွက်ပေါ်လာခဲ့တယ်
ကျမ လည်း ရုတ်တရက် ဖြစ်သွားတော့ အဲ့အစ်မ ကို စိတ်ပူသွားမိတာ အမှန်ပါ

အစ်မ အဆင် ပြေ ရဲ့ လား လို့ ကျမ မေးလိုက်ရင်း ထိုမိန်းခလေး ရဲ့ မျက်နှာကို ကြည့်လိုက်မိသည်
ဟယ်တော် အတော်နာသွားပုံပဲ မျက်နှာမှာလည်း မျက်ရည်တွေကျလို့

ကျမ မေးတာ ကို ပြန် မဖြေပါ
ကျနေတဲ့ မျက်ရည်တွေ ကို လက်နှစ်ဖက်နဲ့ သုတ်နေတာကို ကျမ ကြည့်နေမိတယ်
မျက်ရည်တွေ ကို သုတ်ပြီး တဲ့ အခါ ထိုမိန်းခလေး ရဲ့ လက်တွေက ဒူးဆီကို ရောက်သွားတာကို ကျမ လည်း လှမ်းကြည့်လိုက်မိတယ်

အစ်မ ဒူး ပြဲ သွားတာ ပါလား လို့ ကျမ ထို မိန်းခလေး ကို ကြည့်ပြီး ပြောလိုက်မိတယ်
ဒီလိုလုပ် အစ်မ အခု က လမ်းလယ် ကြီးမှာ ဆိုတော့ ညီမ တို့ အရင်ဆုံး ဘေးနားကပ်ရ အောင်
ပြီး ရင် Myanmar Plaza ထဲ ဝင်ပြီး Hansaplast နဲ့ အရက်ပျံ ကို ညီမ သွားဝယ် ပြီး အစ်မရဲ့ အနာ ကို ဆေးထည့်ပေးပါမယ်

ကျမ ကို ဝင်တိုက်မိတဲ့ ခလေးမလေး ကတော့ ကျမ ကို စကားတွေ ပြောပြီး ဘေး နားကို အတူတူ ရွေ့လိုက်ကြတယ် ပြီး တော့ ကျမ အနားကနေ အမြန်ပြေးထွက်သွားတာကို ကျမ ကြည့်နေမိတယ်
" ဟက် " ကျမ နောက်တစ်ချက်ရယ်လိုက်မိပြန်ပြီ အသည်းကွဲတာတောင် အဆင်ပြေပြေနဲ့ မပြီးသွားပါလား
ကျမဘေးနားမှာ ထို ခလေး မလေးရဲ့ Skateboard လေး ထားသွားပုံပဲ

It's You Where stories live. Discover now