Part 24

2.4K 124 0
                                    

ဆေးရုံကြမ်းပြင်ပေါ်၌ အားပျက်လျော့စွာ ထိုင်နေမိတာ ဘယ်လောက်ထိ ကြာသွားသည်မှန်း မသိ

" လရောင် '' ဆိုပြီး မမမြူ က အသံပြုမှ အသိစိတ်တို့ဝင်လာသည်

" လရောင် ရယ် ကြမ်းပြင်ကြီးမှာ ဘာလို့ထိုင်နေတာလဲ လာ လာ မမမြူ ထူ ပေးမယ် ''

ကျမ ရဲ့ လက်မောင်း ကို မမမြူ ဆွဲထူ မှသာ အလိုက်သင့် မတ်တပ် ထ ရပ်လိုက်သည်

" ဘာများ ဖြစ်လို့လဲ လရောင် ''

" အစ်မ အစ်မ က လရောင် ကို မေ့သွားပြီ တဲ့ လရောင် ဘယ်လိုလုပ်ရမလဲ ''

ကယောင်ကတမ်း ပြော​နေတဲ့ လရောင် ကို ကြည့်ပြီး မြူ အားနာမိသည်

" လရောင် '' လရောင် '' သတိထားလေ စိတ်ကို အရင်အေးအောင် ထားလိုက်အုံးနော် လို့ မြူသတိပေးလိုက်ရသည်

ထိုအခါမှ သာ အသက်ကို ခပ်ပြင်းပြင်းရှူထုတ်  ပြီး စိတ်လျော့လိုက်ပုံပါပဲ

" လာ မမမြူ မေးပေးမယ် ''

အဲ့အခါမှသာ အစ်မ ကို နှစ်ယောက်လုံး ဆုံကြည့်လိုက်သည်

" ငွေစင် '' ဟု မမမြူ ခေါ်လိုက်တော့ အစ်မ ခေါင်းလေး ကျမ တို့ဘက် လှည့်လာသည်

" သူ့ကို သိလား ''

အစ်မ က ခေါင်းကို တွင်တွင်ခါပြသည်

" မသိပေမယ့် မှတ်ထားရမယ့် လူဖြစ်နေတဲ့အတွက် မြူမိတ်ဆက်ပေးမယ် ''

" မသိတဲ့ သူတွေကို မှတ်မထားချင်ဘူး မြူ'' ဟု ပြောပြီး ခေါင်း ကို ဟို ဘက်ကိုလှည့်သွားသည်

" မသိလို့ရပေမယ့် တော်စပ်နေတဲ့ ဆက်ဆံရေးတွေကို ​​ဖြတ်တောက်ပစ်လို့မရဘူး ငွေစင် ''

"ဆက်ဆံရေး'' ဟုတ်လား ဟု ပြောပြီး ကျမတို့ဘက်ခေါင်း ​ပြန်လှည့်လာသည်

" ဟုတ်တယ် ''

" ဘာဆက်ဆံရေး လဲ ပြောပါအုံး''

" ငွေစင်နဲ့ လရောင် က ချစ်သူတွေ ''

" လရောင် '' ဆိုတာ က

" ဒီမှာလေ ငွေစင့် ရှေ့မှာ မှာ ရပ်နေတဲ့ လရောင်ကြူးရင့် ဆိုတဲ့ မိန်းခလေးပဲ ''

It's You Where stories live. Discover now