Part 18

2.8K 150 2
                                    

ကျမ တို့ နှစ်ယောက် တိုင်ပင်ထားသည့်အတိုင်း ငပလီ ကို နှစ်ညအိပ် သုံးရက်ခရီး အနေ နဲ့ ထွက်လာခဲ့ကြသည် သွားရလာရ ပို အဆင်ပြေအောင်လို့ ကိုယ့်ကားနဲ့ ကိုယ်ပဲ လာခဲ့ကြသည်

လမ်းမှာတော့  ကျမ မပျင်းရလေအောင် ' လရောင်' က သီချင်းတွေ ဖွင့်ပေးလာသည်

သီချင်းတွေကတော့ အစုံပါပဲ

Sufjan Stevens - Mystery of love ( Call Me By Your Name OST) 

Hayley Kiyoko -  Girls Like Girls

Weeekly - Holiday Party

BTS - Permission to dance

D.O - Rose

( သာသာ အောက်ဆုံးမှာ သီချင်းလေးတွေထည့်ပေးထားပါတယ်နော်)

" လရောင် ဖွင့်ပေးတဲ့ သီချင်းတွေ အကုန်လုံးကို ကျမ သဘောကျမိသည် ''

သီချင်းတွေဆီကနေ အားအင်တွေ ရ တယ် ပျော်ရွှင်မှုတွေရတယ် တစ်ခါတစ်လေ ဝမ်းနည်းနေတဲ့ အချိန်ဆို နှစ်သိမ့်ပေးမှုတွေရရှိသည်
သီဆိုပေးတဲ့ အနုပညာ ရှင်တွေ ကို လည်း ကျေးဇူးတင်မိတယ် ဒါကြောင့် အနုပညာရှင်တွေ ကို ချစ်ကြတာနေမယ် လူတွေ တော်တော် များများရဲ့  ဘဝ အစိတ်အပိုင်း တစ်ခု အနေနဲ့ သီချင်းတွေဟာ ပါဝင်နေကြမှာ အမှန်ပါပဲ

ဒါကြောင့် တစ်သီးတစ်သန့် နေတတ် တဲ့ ကျမ ချစ်ရသော အမျိုးသမီးလေး က သီချင်းတွေ ကို မြတ်နိုးတာနေမှာ

အတော်လေးခရီးတွင် လာသည့်မို့ ' လရောင် ' ပင်ပန်းပြီး အိပ်ပျော်သွားပုံပါပဲ
ကားမောင်းရင်း လရောင် ကို တစ်ချက် ပြုံးကြည့်လိုက်သည်

" လရောင် '' ထ တော့ လေ ရောက်ပြီနော် ဟု ပုခုံးလေးကို လှုပ်နှိုးလိုက်သည်

" ရှင် '' ရောက်တောင် ရောက်နေပြီလား တောင်းပန်ပါတယ် အစ်မ ရယ် အစ်မ ကို အဖော်ပြု ပေး ရမှာ ကို မရည်ရွယ်ပဲ အိပ်ပျော်သွားတယ် ''

" အစ်မ နားမှာ လရောင် ရှိနေရုံနဲ့တင် ရပါပြီ ကျန်တာ မလိုပါဘူး နော် ''

" ဟီး ဟုတ် ဟုတ် ''

Sea View Room ကို ပဲ Booking လုပ်လိုက်သည်
ချစ်သူနဲ့ လာတာ ပဲ ဒီလောက်တော့ Romantic ဆန်ရမှာပေါ့

It's You Where stories live. Discover now