Part 14

2.9K 157 0
                                    

အစ်မ နဲ့ ချစ်သူတွေ အဖြစ် ဖြတ်သန်းလာခဲ့တာ 5 လ ရှိသွားပြီပဲ ထို 5 လအတွင်း တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု အပြည့်နဲ့ RS တစ်ခု ကို တည်ဆောက်ခဲ့ကြသည်

ဒီနေ့က ပိတ်ရက်လည်း ဖြစ်တဲ့အပြင် ချစ်သူတွေ ဖြစ်နေတာလည်း 5 လလောက် ရှိနေပြီဆိုတော့ အစ်မ နဲ့ လရောင် ရဲ့ အကြောင်းတွေ ကို အမေ့ ကို ဖွင့်ပြောဖို့ ဆုံးဖြတ်လိုက်သည် စ ပြောလိုက်တာ နဲ့ လက်ခံတာ မျိုး က ရှား သည့်အတွက် စိတ် ကို အသင့်ပြင်ထားသည် အမေ နားလည်ပေးတဲ့ အထိ ကြိုးစားဖို့ ကို လည်း တွေးထားသည်

" အမေ ''

" အင်း ပြောလေ သမီး''

" သမီး အမေ့ ကို အရေးတကြီး ပြောစရာရှိလို့လေ ''

" ဘာများလဲ သမီးရဲ့ ''

"ဟို ဟို ''
စကား စပြောဖို့ ခက်နေသည့် လရောင် ကို အမေ က သဘောပေါက်သည်အလား

'' ပြောပါ သမီးရဲ့ ''

"သမီး'' ..... သမီး မှာ ချစ်သူ ရှိနေပြီ အမေ

" ဘယ်သူနဲ့များလဲ ''

" ဟို အဲ့ဒါ သမီး မိန်းခလေး တစ်ယောက်နဲ့ ချစ်မိနေတာ အမေ ''

အမေ က ဆက်ခနဲ ကျမ ကို ကြည့်လာသည် တစ်ခုခုကို အလျင်အမြန်တွေးတောလိုက်ပြီးမှ

"အမေ သဘောလည်း မတူသလို တားဖို့လည်း အစီအစဥ်မရှိဘူး သမီး''

ဒါက သမီး ရွေးချယ်တဲ့ လမ်းမို့ အမေ ဝင်ရောက် ဝေဖန်တာမျိုး မလုပ်ချင်ဘူး

ငါ့ သမီး က ဒီ အရွယ် ထိ ဘယ်သူကိုမှ ချစ်ဖူးတာမျိုး မရှိခဲ့ဘူး ဆိုတော့ သမီးရဲ့ ပထမ ဆုံး ရွေးချယ်မှု မှန်ကန်ပါစေ ပြီးတော့ ပတ်ဝန်းကျင်ရဲ့ ပြစ်တင် ကဲ့ရဲ့ မှု တွေ ရှိလာခဲ့ရင် လည်း ကျော်ဖြတ် နိုင်ဖို့ ပြင်ဆင်ထားပြီးပြီလား

" ဟုတ် သမီး ကျော်ဖြတ်နိုင်ဖို့ ပြင်ဆင်ထားပါတယ် အမေ ''

" ဘယ်သူလဲ သမီး ''

" အစ်မ ငွေစင်ကြယ် ပါ အမေ ''

အဲ့ခလေးမ က ရော သမီး ကို လူရှေ့သူရှေ့မှာ ချပြ နိုင်တယ်တဲ့လား ''

အမေ က ဆူတာ ငေါက်တာ အစား အဓိက အချက်တွေ ကို ပဲ မေးနေတဲ့ အမေ ကို ကျေးဇူးတင်မိတယ်

It's You Where stories live. Discover now