Part 8

2.7K 142 2
                                    

"ထိန်းချုပ်မရတော့ တဲ့ နှလုံးသား"

Company ဖွင့်ပွဲ ကိစ္စ ကြောင့် ငွေစင်မှာ အလုပ်တွေ များနေရသည်

Mini Company ဖြစ်သွားသောကြောင့် အတွင်းရေးမှူး တစ်ယောက်တော့ ထားဖို့ လိုအပ်တာအမှန် ပဲ ငွေစင်တစ်ယောက်တည်း မနိုင်ဝန်လည်း မထမ်းချင်တာနဲ့ မြူ့ဆီ ဆက်သွယ်လိုက်သည်

Hello

မြူ ရေ ငါ လေ နင့်ကို ကမ်းလှမ်းစရာ တစ်ခုရှိလို့ဆက်သွယ်လိုက်တာ

ပြော လေ ဘာများလဲ

ငါ့ အတွက် အတွင်းရေးမှူး တစ်ယောက်လောက် လိုအပ်လို့လေ အဲ့ဒါ နင့်ကို ကမ်းလှမ်းကြည့်တာ

ငါ့ သူငယ်ချင်း ရဲ့ အတွင်းရေးမှူးပဲ ငြင်းနိုင်စွမ်းအားမရှိပါဘူး ဟာ ဒါပေမယ့် လစာ တော့ ပိုပေးရမယ်နော် အလုပ်ကို ကြိုးကြိုးစားစား လုပ်ပေးမှာ သိတယ်မလား

သိပါတယ်  ဟာ ယုံပြီးသားပဲ ဒါဆို ဘယ်တော့လောက် လာဖြစ်မလဲ

Resign တင်ရအုံးမှာ ဆိုတော့ 1 လ ဝန်းကျင်လောက်တော့ ကြာမယ်နော်

အိုခေ မြူ အော် ပြီးတော့ ဖွင့်ပွဲ ရှိသေးတဲ့အတွက် လာကူပေးအုံးဟာ မနက်ရော ညရော ဆိုတော့ မြူ့ကို လိုအပ်နေပြီ

အမလေး ဟုတ်ပါပြီ အစ်မတော်ရယ် ကျမ လာခဲ့ပါ့မယ်

ဒါဆို နောက်မှ တွေ့မယ်နော် မြူ

ဟုတ်ပါပြီရှင့်

ဝန်ထမ်းတွေ လည်း ထပ်ခေါ်မှာ ဖြစ်တဲ့ အတွက် အလုပ်တွေ ရှုပ်ပြီး ' လရောင် ' နဲ့တောင် မတွေ့ဖြစ်ဘူးရယ်

တစ်နေကုန် ပင်ပန်းလာသမျှ ညရောက်တဲ့အခါ ' လရောင် ' ရဲ့ အသံ လေး ကို ဖုန်းထဲ က နေ ကြားရုံဖြင့် အမောကို ပြေသွားတော့တာ ငွေစင့်ရဲ့ စိတ် အခြေအနေ ကို ခန့်မှန်း ပြီး သီချင်း လေး တွေကို လည်း နေ့တိုင်း ဖွင့်ပြနေတော့ ' လရောင်' ကို တစ်ကယ် ကျေးဇူးတင်မိသည်

တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးရင်း ဖွင့်ပွဲနေ့သို့ ရောက်ရှိလာသည်

ငွေစင် လည်း ရောက်လာတဲ့ ဧည့်သည်တွေကို ဧည့်ခံရင်း စကားစမည် ပြောနေရတာ မို့ မအားလပ်

It's You Where stories live. Discover now