Part 17

2.4K 160 0
                                    

အိမ်တစ်အိမ်ရဲ့ ထမင်းစားဝိုင်းလေး တစ်ခု မှာ လူသုံးယောက် ထမင်းထိုင်စားနေကြသည် ထိုလူ သုံးယောက် မျက်နှာ တွင် အပြုံးများပွင့် နေကြသည်

" သမီး ထည့်စားနော်'' ဟု အသက် 50 ဝန်းကျင်လောက် ရှိတဲ့ အမျိုးသမီးကြီး က အပြုံးတစ်ခု ဖြင့် ပြောလာသည်

" ဟုတ် အမေ '' ဟု ကျမ ပြန်ပြောလိုက်သည် ဖြစ်ရာ ထိုအမျိုးသမီး ကြီး က မျက်လုံးများကွေးသွားသည်ထိ ပြုံးလိုက်ပြီးတော့ ခေါင်းလေး တစ်ချက်ညိမ့်ပြသည်

" သမီး အလုပ်ရော အဆင်ပြေရဲ့လား ''

" ဟုတ် ပြေပါတယ် အမေ ''

" ကြိုးစားကွယ် ကိုယ်ပိုင်လုပ်ငန်းဆိုတာ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် အကျိုးအမြတ် က ကိုယ့်ဆီပဲ ရောက်တာဆိုတော့လေ ''

" ဟုတ် သမီး လည်း အရင်က ထက် ပိုကြိုးစားပြီး ရှာနေဖြစ်တယ် ''

" ကောင်းတာပေါ့ သမီးရယ် ''

အမေ နဲ့ အစ်မ နဲ့ စကားလမ်းကြောင်းတည့်နေသည်မို့ ဘေးကနေ ပြုံးတုန်းတုန်း ဖြင့် အမေ့ ကို တစ်လှည့် အစ်မ ကို တစ်လှည့် ကြည့်ပြီး ပီတိ ဖြာနေသည့်သူမှာ '' လရောင်ကြူးရင့် '' ဆိုတဲ့ ကျမ ပဲပေါ့

အမေ့ရဲ့ သမီးဖြစ်ရတာ ဂုဏ်ယူမိသည် အခုလည်း အစ်မ ကို ဖြေရခက်တဲ့ မေးခွန်းတွေ တစ်ခုမှ မမေး
ကိုယ့်သမီး ရဲ့ ချစ်သူ ဖြစ်တဲ့ အတွက်ကြောင့် အခြေခံ အချက်တွေ ဖြစ်တဲ့ အစ်မ ရဲ့ မိသားစု အကြောင်းတောင် မမေးတာ ပါဆို
အစ်မ ရဲ့ မိသားစု ဆိုလို့ အစ်မရဲ့ ဖေဖေ နဲ့ မေမေ ကတော့ ဆုံးသွားတာတော့ သိတယ် ကျန်တဲ့ မိသားစုဝင်ဆွေမျိုးတို့ဘာတို့ မရှိဘူးလား မသိဘူး

အစ်မ ကို အဲ့ဒါလေးတော့ မေးရမယ် ဟု တွေးမိလိုက်သည်

" သမီး ဒီနေ့ ဒီမှာပဲ ' လရောင်' နဲ့ အတူတူ အိပ်သွားလိုက်ပါလား ''      ( ယောက္ခမ ကြီး ကတော့ အရောက်ပို့နေပြီ 🙄 )

" ရှင် ''

ကျမ လည်း အမေ့ကို အံ့သြတဲ့ပုံစံနဲ့ ကြည့်လိုက်မိသည်

" မိုးလည်း ချုပ်နေပြီ ပင်ပန်းနေတဲ့ပုံပေါက်လို့ လေ ''

" ဟုတ် အမေ အဲ့ဒါဆို သမီး အိပ်သွားလိုက်ပါမယ် ''

It's You Where stories live. Discover now