Part 4

3.6K 230 0
                                    

"ဒီတစ်ခါ တော့ ထိုရေစက် ကလေး ကို ဆုံချင်မိတာ ကျမ ရယ်ပါ "

အစ်မ နဲ့ မတွေ့ဖြစ်တာ တစ်လ ရှိ သွား ပြီ တတိယ အကြိမ်မြောက် တွေ့ဆုံပြီးကတည်း က အစ်မ ဟာ ကျမ ဆီ ကို ပါ လာ သည် ထင်ပါရဲ့ မဟုတ်ဘူး အစ်မ ဟာ ကျမ နှလုံးသား ထဲ ကို ဝင် ရောက် လာတာ ကျမ ကိုယ်တိုင် ဖိတ်ခေါ်ခြင်းမရှိပဲ အလို လို ဝင်ရောက်လာတာ ထိုနေ့က စပြီး အစ်မ ဟာ သီချင်းတွေနဲ့ အတူ ကျမ အနားမှာ ကပ်တွယ်နေခဲ့တာ ဒါဟာ ဘာကြောင့် လဲ ဆိုတာ ကျမ မတွေးချင်ခဲ့ဘူး လူတစ်ယောက်ကို 3 ကြိမ် မျှသာ တွေ့ဆုံရုံဖြင့် ဒီခံစားချက်တွေကို အချစ်လို့လည်း ခေါင်းစဥ်မတပ်ချင်ဘူး ကျမ ကြားဖူးတာ တစ်ခုတော့ ရှိတယ် လူတစ်ယောက် ကို ချစ်မိဖို့ သုံးစက္ကန့် နဲ့တင် ချစ်မိဖို့ လုံလောက်ပြီတဲ့

*အစ်မ ကို ကျမ မြတ်နိုးမိပြီ ထင်တယ် *

အခုတလော ငွေစင် အလုပ် တွေ တအားရှုပ်နေတာ ဘာလို့ဆို ငွေစင်ရဲ့ ရဲ့ကိုယ်ပိုင် လုပ်ငန်းလေး ကို Mini Company လေး အဖြစ် တိုးချဲ့ ဖြစ်တာကြောင့် ငွေစင် ပိုပြီး အလုပ်ရှုပ်နေတာ

အသေးစား Company ဖြစ်သွားတာကြောင့် ငွေစင် Company Logo လေးတော့ လုပ်မှ ဖြစ်မယ်လို့ တွေးမိတာကြောင့် ငွေစင်ရဲ့ အသိ မိတ်ဆွေ ကိုဇေယျ ကို အကူအညီ တောင်း ရမယ် ကိုဇေယျ က Graphic Company တစ်ခုရဲ့ Manager ဆိုတော့ Project အနေနဲ့ အလုပ်အပ်ရမယ် ဆိုပြီး ကိုဇေယျ ကို ဆက်သွယ် လိုက်သည်

တစ်ဖက် မှ Hello ဆိုတဲ့ အသံကြားတော့ ငွေစင် မိတ်ဆက် လိုက်သည်

ကိုဇေယျ ရေ ညီမ ပါ ငွေစင် လေ

အာ ညီမ အစ်ကို့ ဆီ ထူးထူး ဆန်းဆန်း ဖုန်း ဆက် လို့ပါလား ဘာကိစ္စများ ရှိလို့ပါလဲ

ဒီလို အစ်ကို ရေ ညီမ လုပ်ငန်း ကို တိုးချဲလိုက် တာကြောင့် Mini Company လေး ဖြစ်သွားလို့ Company ရဲ့ Logo လေး ကို အစ်ကို့ ဆီ အလုပ် အပ်မလို့လေ

ရတာပေါ့ ညီမ ရာ စိတ်ကြိုက်ဖြစ်စေရမယ် အစ်ကို့ တာဝန်ထား အစ်ကိုတို့ Company ရဲ့ အတော်ဆုံး Designer ကို ညီမ Company ရဲ့ Logo ကို အပ်ပေးမယ်

ဒါဆိုရင် တော့ အစ်ကို့ ကို ကျေးဇူးတင်ရမှာပဲ

ရပါတယ် ညီမ ရာ အချင်းချင်းတွေပဲ အစ်ကို ဒီလောက်ကတော့ ကူညီပေးရမှာပဲ လေ ညီမ ဘယ်တော့လောက် လာမလဲ ညီမ လိုချင်တဲ့ ပုံစံ မျိုး ကို Designer ကို ပြောရမှာဆို တော့လေ

It's You Where stories live. Discover now