Part 11

2.6K 161 0
                                    

" သဝန်တို ခြင်း အနုပညာ ''

နေရောင်ခြည် သဲ့သဲ့ က တံခါးပေါက် ကို ထိုးဖောက်ပြီး အခန်းအတွင်း ဖြာကျနေသည် တဖြည်းဖြည်းပွင့်လာတဲ့ မျက်ဝန်းတစ်စုံ
ထိုမျက်ဝန်းတစ်စုံ သည် ကြည်လင် တောက်ပနေသည်  မျက်ဝန်းလေး ကို ကြည့်ရုံဖြင့် အပြုံးရိပ်တို့ ကို မြင်နေရသည် အဘယ်ကြောင့် ပြုံးနေသနည်းဆိုတာတော့ ကာယကံရှင် ကိုယ်တိုင်သာ သိပါလိမ့်မည်

ခါတိုင်းမနက်တွေထက် နေရောင်ခြည်တွေ ဖြာကျနေပုံကို ကြည့်ရတာ ပိုလှနေသလို ပတ်ဝန်းကျင်က လည်း ပကတိ ကြည်လင် ရှင်းသန့်နေသည် ငွေစင့် အမြင်တွေက ပဲ ပိုလှနေသည်လားတော့ မပြောတတ် ဘယ်နေရာကြည့်ကြည့်အရာ အားလုံးက ခါတိုင်း မနက်ခင်းတွေ ထက် ပိုလှနေတာတော့အမှန်ပဲ ဘယ်အရာ က များ ဒီလို လှပနေစေတာလဲ

ရင်ထဲမှာလည်း ကြည်နူးရိပ်က အပြည့် မကြာခဏ ပြုံးနေမိတာကိုလည်း ကိုယ့်ကိုကိုယ် သတိထားမိသည်

အလုပ်ကို လာ တဲ့ လမ်းတစ်လျှောက်လုံးလည်း မြင်​​မြင်သမျှဟာ လှပစွာ ရှိနေကြပြန်သည် လူကူးမြင်းကြား မှာ လူတွေ လမ်းကူးနေတာ က အစ လှနေပြန်ရော

လှပခြင်းတွေဟာ ကြာကြာ မခံလိုက် မျက်ခုံးတွေ တွန့်ကွေးသွားသည် အထိ မျက်မှောင်ကြုတ် စေတာ က ဘာများ ဖြစ်နိုင်မလဲ

Coffee ဆိုင်ထဲကို ကိုဇေယျနဲ့ အတူ ဝင်သွားသော '' လရောင် '' ကို တွေ့လိုက်ခြင်းပင်

ဘာကိစ္စရှိလို့ အတူတူ Coffee ဝင်  သောက်ကြတာလဲ မြူ့စကားတွေကို ပြန်ကြားယောင်မိသည် ကိုဇေယျ 'လရောင်' ကို ကြည့်တဲ့ အကြည့်တွေထဲမှာ အချစ်ရိပ်တွေ တွေ့တယ်တဲ့  စိတ်ထဲမှာ မတင်မကျဖြစ်ပြီး ကား ကို ဘေးကပ်ရပ်လိုက်ပြီး ' လရောင် ' ဆီကို ဖုန်းဆက်လိုက်သည်

တူ တူ တူ

Hello အစ်မ

" လရောင် '' ဘယ်မှာလဲ

Coffee သောက်မလို့ Coffee ဆိုင်ရောက်နေတာ

ဘယ်သူနဲ့လဲ

ကိုဇေယျနဲ့ပါ

ကိုဇေယျနဲ့ Coffee အတူတူ သောက်တဲ့ အထိ ကို ရင်းနှီးကြတာလား

It's You Where stories live. Discover now