Part 5

3.6K 196 6
                                    

" အကြည့်တွေ ထဲ မှာ အဓိပ္ပါယ် တွေ ပါဝင် နေတာကို သာ ကျမ သိခဲ့မယ် ဆိုရင် ''

" လရောင် '' ဆီ က ဖုန်း ဆက် အလာ ကို မျှော်နေတာ ဒီနေ့နဲ့ဆို 4 ရက် မြောက်နေ့ပဲ
ကျမ '' လရောင်'' နဲ့ စကား တွေ အများ ကြီး ပြောချင်ပြီး မေးချင်တာတွေ ရှိပေမယ့် စကား နည်း တဲ့ လရောင် က ကျမ မေးတာတွေကို ပြန်​ဖြေပါ့မလား
ကျမ နဲ့ တွေ့ခဲ့ တဲ့ လေးခေါက် လုံး မှာ '' လရောင် '' ဟာ အနက်ရောင် ကို သာ ဝတ်ဆင် ထားပုံထောက်ရင် အနက်ရောင် ကို ကြိုက်တဲ့သူ ဖြစ်မယ်လို့ ကောက်ချက်ချ လိုက်သည်
လရောင်နဲ့ အမြဲ အတူ တွေ့ရတဲ့ အရာ လေး တစ်ခု ရှိသေးသည် ထိုအရာ သည် Ear Phone ဖြစ်သည်
သီချင်း အမြဲ နားထောင် တတ်သူ ဟုလည်း ကျမ ထပ်ပြီး သတ်မှတ် လိုက်တယ်

"လရောင် '' အကြောင်း ကို တွေးနေစဥ် Phone Ringtone သံ ကြား လိုက် လို့ တစ်ချက် လှမ်းကြည့်လိုက်သည့် အခါ Unknown Number ဖြစ်နေသည်

""Hello''''

အစ်မ ကြယ် လား ဟု မေးသံကြားလိုက်သည်

"လရောင် "မဟုတ်လား ဟု ကျမ မေးခွန်း ပြန်ထုတ် လိုက်သည် တစ်ဖက်မှ

ဟုတ် ညီမ ပါ အစ်မ Company ရဲ့ Logo အကြမ်း ပုံ ရပြီ အဲ့ဒါ အစ်မ ကြည့်ချင်ရင် လာလို့ရပါပြီ

ဒီလိုလုပ်ပါလား 'လရောင်' ခုနနေ Lunch စားချိန် ရောက်တော့မှာဆိုတော့ အစ်မ ' လရောင်' နဲ့ Lunch အတူ စား လို့ရမလား အစ်မ လာခေါ်မယ်လေ နော်

ဟုတ်ကဲ့ အဲ့ဒါဆိုလည်း ' လရောင် ' စောင့်နေပါ့မယ် ဟုသာ ကျမ ကို ပြောလာသည်

ကောင်းပါပြီ ' လရောင်' အစ်မ နဲ့ ခဏနေ တွေ့မယ်နော်

ဟုတ်

' လရောင် ' အစ်မ မင်းတို့ Company ရောက်ပြီ

ဟုတ် ညီမ ထွက်လာပြီနော်

လာ ' လရောင် ' တက်လေ

စားသောက်ဆိုင် သွားတဲ့တစ်လျှောက် 'လရောင်' ကျမ ကို ဘာစကားမှ မပြောပါ

တိတ်ဆိတ်နေမှုကို ဖြိုခွင်းလိုက်သူကတော့ ကျမ ပဲပေါ့
' လရောင် ' ဘာစားချင်လဲ ဟု ကျမ 'လရောင် 'ကို မေးလိုက် သည်

ထို အခါ မှ သာ ညီမ က ဘာဖြစ်ဖြစ်ရပါတယ်
အစ်မ စားတဲ့ဟာ လိုက်စားပါမယ်

It's You Where stories live. Discover now