Part 3

347 61 6
                                    

BLOGGER
- Part 3 -

Notebook မျက်နှာပြင်ပေါ်က ပုံလေးတွေကို တစ်ပုံချင်းကြည့်ရင်း ချန်ယောလ် သဘောကျနေသည်။
ချာတိတ်လေးက နမ်ဆန်မှာ သူ့ကို ဓာတ်ပုံတော်တော်များများရိုက်ပေးခဲ့တာပဲ။ Pose ပေးပြီး သေချာရိုက်ထားတာတွေရော၊ snap တွေရော အကုန်လုံးက
အဆင်ပြေပြေပင်။ ချာတိတ်ပုံလေးတွေလည်း သူ့မှာအများကြီးပါလာခဲ့သည်။ သူကတော့ ကောင်လေးမသိအောင် ရိုက်မိထားတာတွေချည်းပဲ။
သူလည်းမရိုက်ချင်ပါဘူး။ ကောင်လေးက သူ့ ကင်မရာမြင်ကွင်းထဲဝင်ဝင်လာပြီး လက်ကခလုတ်ကိုအလိုလိုဖိမိသွားတာ။

ကြောင်လိမ်ပုံလှီးပြီး တုတ်နဲ့ထိုးထားတဲ့ အာလူးကြော်ကို စားနေတဲ့ပုံလေးတွေ၊ သော့တွဲလေးတွေကစာကို စိတ်ဝင်တစားလိုက်ဖတ်နေပုံလေးတွေ၊
မြို့ရှုခင်းကို အပေါ်ကငေးကြည့်နေပုံလေးတွေကို သူအလိုလိုရိုက်မိထားတာဖြစ်သည်။
မနက်တစ်ခင်း သွားလည်ပြီး ဂျွန်မြောင်ဆီပြန်ပို့ပေးတော့ သူ့ကို တစ်ချက်မှမကြည့်ဘဲနှုတ်ဆက်စကားပြောပြီး ကားပေါ်ကပြေးဆင်းကာ ဂျွန်မြောင့်ကို
ဖက်တွယ်နေတာကို သိပ်တော့သဘောမကျမိ။ သူ့အစ်ကိုမို့ သူချစ်တာပဲလေလို့ တွေးမိရင်းတောင် မနာလို သလိုလိုဖြစ်ရသေးသည်။

ဖြူလုံးလုံးကောင်လေးနဲ့ ပထမဆုံးခရီးအတွက် ရွေးလိုက်တာက Tokyo Disney Resort ဖြစ်သည်။
ဂျပန်ဘက်က ရေပူစမ်းလိုနေရာမျိုး သဘာဝ resort လိုမျိုးတွေကို Blog မှာတင်ဖူးပေမဲ့ Disney Resort အကြောင်းကိုတော့ မတင်ရသေး။
ဒီတစ်ခေါက်ခရီးက အဝတ်အစား စပွန်ဆာနှင့် ခရီးစရိတ်စပွန်ဆာ ပါမည်ဖြစ်သောကြောင့် အဆင်ပြေသည်။
လက်ထောက်ချာတိတ်လေးလည်း ပါမည်ဖြစ်ကြောင်း ပြောထားပြီး ကုမ္ပဏီတွေဘက်ကလည်း နှစ်ယောက်လုံးစာ ပြင်ဆင်ပေးမည်ဖြစ်သည်။

နောက်တစ်ပတ်ထဲသွားမည့် ခရီးကိုကြိုအသိပေးထားပြီးသားဖြစ်သည်။
သိပ်မဝေးတဲ့နေရာဖြစ်လို့ အစ်ကိုဂျွန်မြောင်တို့ agency နဲ့မဟုတ်ဘဲ သီးသန့်စီစဉ်ထားတာဖြစ်သည်။
ခရီးစရိတ် စပွန်ဆာရသောကြောင့် ၃ ညအိပ်လောက်တော့ ခန့်မှန်းထားပေမဲ့ အခြေအနေအရပဲပေါ့။
သူများပေးတိုင်း စွတ်သုံးလို့လည်း အဆင်မပြေဘူးလေ။

BLOGGERWhere stories live. Discover now