Part 11

279 61 2
                                    

BLOGGER
- Part 11 -

*Budget trip to Khao Yai*

ဂျောင်ဆူး assignment ထပ်ပြီးသွားတော့ အရင်လိုပဲ ပြန်ပြီး အား သွားသည်။ ရိဖန်ကောက တစ်ရက် နှစ်ရက်လောက် နားပြီးမှ ကနေဒါသွားဖို့ စီစဉ်ထားတာဖြစ်ပြီး ဒီရက်အတွင်းမှာ တစ်နေကုန် အလုပ်သွားနေသည်။ တစ်ယောက်တည်းကျန်ခဲ့တဲ့ ဂျောင်ဆူးက ဟိုလူကြီး Blog ထဲ နည်းနည်းပါးပါး ဝင်စပ်စုကြည့်သည်။ Tokyo Blog ထက်ကို ပိုပြီး viewer များနေသော Khao Yai Blog ကြောင့် ဝင်ငွေတွေလည်း နည်းမည်မဟုတ်ကြောင်း တွေးပြီး ပြုံးလိုက်မိသည်။ လူကြီးဆီက Bonus ပိုတောင်းရမယ်။ တင်ထားသော video clip အတိုလေးများထဲတွင် ဂျောင်ဆူးရေတံခွန်မှာ ရေစပ်ထဲခြေထောက်ချပြီး ထိုင်နေသည့် video လေးလည်းပါသည်။ Blog လေး ပြန်ကြည့်မိတော့ လူကြီးကို လွမ်းမိသားပဲ။ စိတ်တော့မကောင်းပေမဲ့ တစ်လလောက် မတွေ့ပဲနေရဦးမှာပဲ လူကြီးရေ။
ဧည့်ခန်းဆိုဖာပေါ်မှာ မှီပြီး iPad နဲ့ Blog ကိုကြည့်နေရင်း အိပ်ငိုက်လာသောကြောင့် ဆိုဖာပေါ်တွင်ပဲ လှဲကာအိပ်ပျော်သွားတော့သည်။

🌏

"ကလေး ပစ္စည်းတွေစုံရဲ့လား"

လေဆိပ်ကိုသွားခါနီး ရိဖန်ကောက ဂျောင်ဆူးကို လှမ်းမေးသည်။

"စုံတယ် ကော...အဝတ်အစားနဲ့ ဖုန်းပဲကို"

"သွားရအောင်"

ရိဖန်က ဂျောင်ဆူးရဲ့အိတ်ကိုပါယူပြီး ကားနောက်ခန်းထဲထည့်လိုက်သည်။ နောက်ခန်းထဲဝင်တူတူထိုင်ကြရင်း ရိဖန်က ဂျောင်ဆူးလက်လေးကို ဆွဲကိုင်ထားသည်။

"ဘာဖြစ်လို့လဲ ကော
နေမကောင်းဘူးလား"

"ကောင်းပါတယ်... ကောရဲ့ ကလေးလေးက လူကြီးဖြစ်လာပြီပဲ
ကော ရော ဂျွန်ရောကလေ ကလေးပျော်မယ်ဆို အကုန်လုံးခွင့်ပြုတယ်နော်
ကလေးက စိတ်ကိုသေချာအောင်လုပ်ရမယ်"

"ကျွန်တော်အခုပျော်ပါတယ်
ကောနဲ့တူတူခရီးသွားရတာပျော်တာပဲကို"

"ကလေးပျော်ဖို့ပဲ အရေးကြီးတယ်"

ဆံပင်လေးတွေကို ပွတ်သပ်ရင်းပြောနေတဲ့ ရိဖန်ပုံစံက တစ်မျိုးပဲ။ ကောက ကနေဒါပြန်ရမှာ မပျော်တဲ့ပုံပဲ။ တစ်ခုခုကို စိတ်မကောင်းဖြစ်နေသလိုပဲ။ လေဆိပ်ရောက်တော့ အဆောက်အဦထဲ တူတူဝင်ခဲ့ကြပြီး ကောက ဂျောင်ဆူးလက်ထဲကို လေယာဉ်လက်မှတ်ထည့်ပေးသည်။

BLOGGERWhere stories live. Discover now